Covid-19 ကြောင့် စီးရီးအေပွဲစဉ်(၅)ပွဲကို ပရိသတ်မပါဘဲ ကစားမယ်

yyl-029-13.jpg

Covid-19 (ကိုရိုနာဗိုင်းရပ်စ်သစ်)ကူးစက်ပျံ့နှံ့မှုကြောင့် ဂျူဗင်တပ်-အင်တာမီလန်ပွဲစဉ်အပါအဝင် အခုတစ်ပတ် ကစားမယ့် စီးရီးအေပွဲစဉ်(၅)ပွဲကို ပရိသတ်မပါဘဲ ကစားရမှာ ဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေထဲမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှု အများဆုံးဖြစ်ပွားနေတဲ့ အီတလီနိုင်ငံမှာ ကူးစက်ခံရသူ ၃၀၀ နီးပါးရှိပြီး လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

Covid-19 ကူးစက်ပျံ့နှံ့နေတဲ့ အီတလီနိုင်ငံ မြောက်ပိုင်းမြို့တွေမှာ ဝင်ခွင့်၊ ထွက်ခွင့်တွေ ပိတ်ထားပါတယ်။ ဂျူဗင်တပ်-အင်တာ၊ အူဒီးနီးစ်-ဖီအိုရင်တီးနား၊ အေစီမီလန်-ဂျီနိုအာ၊ ပါးမား-စပယ်၊ ဆက်ဆူအိုလို-ဘရက်ရှား ပွဲစဉ်တွေကို ပရိသတ်မပါဘဲ ကစားရမှာပါ။ အင်တာမီလန်ဟာ လာမယ့်ကြာသပတေးနေ့မှာ လူဒိုဂိုရက်စ်နဲ့ ကစားရမယ့် ယူရိုပါလိဂ်-၃၂ သင်းအဆင့်ပွဲစဉ်ကိုလည်း ပရိသတ်မပါဘဲ ကစားရမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top