လူတစ်ရပ်ကျော်ရှိတဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးခွေးကြီး

ကမ္ဘာ့အရပ်အရှည်ဆုံး ခွေးအဖြစ် စံချိန်တင်ထားတာကတော့ ကီဗင်လို့ အမည်ရတဲ့ ဂရိတ်ဒိန်း (Great Dane) အမျိုးအစား ခွေးကြီးပါပဲ။ အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်မှာရှိတဲ့ ဂရိတ်ဒိန်းခွေး ကီဗင်ဟာ နောက်ခြေကနေ ပခုံးအထိ ၃ ပေ၊ ၂ လက်မ ရှည်လျားပြီး မတ်တတ်ရပ်လိုက်ရင် လူတစ်ရပ်ထပ် ပိုမြင့်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အရပ်အရှည်ဆုံး ခွေးအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။

ကီဗင်ဟာ အကောင်ကြီးပေမဲ့ အလွန်ယဉ်ပါးပြီး ပျော်ပျော်နေတတ်တဲ့ စိတ်သဘောလည်းရှိတယ်လို့ သခင်ဖြစ်သူတွေက ဆိုပါတယ်။ ကီဗင်က ကြောက်တတ်ပြီး သူအကြောက်ဆုံးအရာကတော့ ဖုန်စုပ်စက် ဖြစ်ပါတယ်။ ” ဖုန်စုပ်စက်ကိုင်ပြီး သူနဲ့ ခပ်လှမ်းလှမ်းတောင် သွားလို့မရဘူး။ ကြောက်လန့်ပြီး ထွက်ပြေးသွားရော”လို့ သခင်ဖြစ်သူ ထရေစီက ဆိုပါတယ်။

Ref: Meet Kevin, The World’s Tallest Dog
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top