ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ မင်းသား လီဂျယ်ဝု နဲ့ aespa အဆိုအဖွဲ့ဝင် ကာရီနာ

27.2.24-yyl-3.jpg

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ကိုရီးယားနာမည်ကြီးစုံတွဲတွေကို ဖော်ထုတ်ပေးလေ့ရှိတဲ့ Dispatch သတင်းဌာနကြီးက မင်းသားချော လီဂျယ်ဝုနဲ့ aespa အဆိုအဖွဲ့ဝင် ကာရီနာတို့ ချိန်းတွေ့နေကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ အခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့က မီလန်မြို့မှာ ပြုလုပ်ခဲ့တဲ့ Prada Fashion Show မှာ ပထမဆုံး ဆုံဖူးခဲ့ကြပြီး အဲ့ဒီကစပြီး နောက်ပိုင်းမှာ စတင်တွဲခဲ့ကြတယ်။ သူတို့နှစ်ဦးက လီဂျယ်ဝုရဲ့အိမ်နားမှာ အမြဲလိုလို ချိန်းတွေ့လေ့ရှိကြပြီး သူတို့နှစ်ဦး ညဉ့်နက်မှ လမ်းလျှောက်ကြတာကို မြင်တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အစကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး လီဂျယ်ဝုရဲ့အေဂျင်စီ CJes Studios က “ကျွန်တော်တို့ လောလောဆယ်စစ်ဆေးနေဆဲပါပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ နောက်တော့ အေဂျင်စီက အခုလိုအတည်ပြုလိုက်ပါတယ်။ “သူတို့နှစ်ဦး လက်ရှိမှာတော့ တစ်ယောက်နဲ့တစ်ယောက် သိအောင်လုပ်နေကြတဲ့ အဆင့်မှာပါ။ လီဂျယ်ဝုက လက်တလော ဒရာမာရိုက်နေတဲ့အတွက် သူတို့နှစ်ဦးရဲ့ကိုယ်ရေးကိုယ်တာကို လေးစားပေးဖို့ တောင်းဆိုပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။

Ref: Lee Jae Wook And aespa’s Karina Confirmed To Be Dating

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top