ကြောင်လေးနဲ့အတူ စက်ဘီးစီးပြီး ကမ္ဘာပတ်ခဲ့သူ

14-10-2022-yyl-06.jpg

ဒင်း နီကိုဆန်ဆိုသူက စက်ဘီးတစ်စီးနဲ့ တစ်ကိုယ်တော်ကမ္ဘာပတ်ချင်ခဲ့တာပါ။ ၂၀၁၈ ခုနှစ် ဇွန်လမှာ သူ့ရဲ့မစ်ရှင်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ (၃) လနဲ့ နိုင်ငံ (၉) နိုင်ငံကို လည်ပတ်ပြီးတဲ့နောက် စက်တင်ဘာလမှာ သူ့ကို အဖော်ပြုပြီး ကမ္ဘာပတ်ပေးမယ့် အဖော်တစ်ယောက် ရခဲ့ပါတယ်။ ဘော့စနီးယား-မွန်တီနီဂရိုးနယ်စပ်အနီးနားမှာ ဒင်းက အော်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်ကို တွေ့ပြီး သူ့နဲ့အတူ အဖော်အဖြစ် ခေါ်သွားခဲ့တာပါ။ ကြောင်ပေါက်လေးကို တက်ဘီ နာလာလို့လည်း အမည်ပေးခဲ့ပါတယ်။

ဒင်းက နာလာကို စက်ဘီးခြင်းထဲ ထည့်ပြီး အတူစွန့်စားကာ ကမ္ဘာပတ်ခဲ့ကြတာပါ။ အခုထိ ကြောင်လေးနာလာနဲ့အတူ ကမ္ဘာပတ်ခဲ့တာ နိုင်ငံပေါင်း ၂၉ နိုင်ငံရှိပါပြီ။ ဒင်းတို့က နိုင်ငံပေါင်း ၃၀ ပြည့်တာနဲ့ ကမ္ဘာ့စံချိန်မှတ်တမ်းချိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။ သူနဲ့ ကြောင်လေးနာလာတို့ဟာ 1bike1world အမည်နဲ့ လူမှုကွန်ယက်မှာ ကမ္ဘာပတ်ခရီးစဉ်နဲ့ပတ်သက်တဲ့ ဓာတ်ပုံတွေကို တင်ကတည်းက လူစိတ်ဝင်စားမှုများလာခဲ့တာပါ။

နိုင်ငံပေါင်း ၂၉ နိုင်ငံကို အလည်အပတ်သွားပြီးတဲ့နောက်မှာ ဒင်းနဲ့ နာလာတို့က စကော့တလန်က အိမ်ကို ပြန်ရောက်နေပေမဲ့ ပြန်ပြီး ကမ္ဘာပတ်ဖို့ အစီအစဉ်တွေရှိပါတယ်။ အောက်တိုဘာ ၂ ရက်နေ့က ဒင်းဟာ နာလာရဲ့ ၄ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မွေးနေ့ဆုတောင်းနဲ့အတူ နာလာရဲ့ပုံတစ်ပုံကို အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

မကြာသေးခင်က ဒင်းဟာ “Nala’s World” အမည်ရတဲ့ ကလေးစာအုပ်အသစ်ကို ထုတ်ခဲ့ပါတယ်။ ဒီစာအုပ်က ဒင်းနဲ့ သူ့ရဲ့ခရီးသွားဖော်နာလာတို့ရဲ့ဇာတ်လမ်းအကြောင်းဖြစ်ပြီး ဒင်းနဲ့နာလာအတွက် အဓိပ္ပာယ်ရှိတဲ့စာအုပ်တစ်အုပ်ပါ။ တိရစ္ဆာန်တွေကို ကူညီတာက ဒင်းရဲ့ဝါသနာလိုမျိုးနေပါတယ်။ ဒင်းက လမ်းဘေးခွေးတစ်ကောင်ကို တွေ့ရှိခဲ့ပြီး ခွေးလေးအတွက် နေစရာအိမ်လည်း ရှာပေးခဲ့ပါတယ်။ အခု ခွေးလေးက Dean သစ်တောမှာ နေထိုင်နေပါတယ်။

Ref: Upworthy & Dailymail “This man has traveled 29 countries with his cat and is one country away from setting a world record”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top