စုတ်တံ ၁၀ ချောင်း တပြိုင်တည်းသုံးပြီး ပန်းချီဆွဲနိုင်တဲ့ ဘီလာရုစ်ပန်းချီဆရာ

27.12.23-yyl-၁၂.jpg

ဘီလာရုစ် ပန်းချီဆရာ ဆာ့ဂျ်ဖီလင်ဂျာဟာ စုတ်တံ ၁၀ ချောင်းကို တပြိုင်တည်းအသုံးပြုပြီး ရေးဆွဲတဲ့နည်းစနစ်ကို ဖန်တီးခဲ့တာကြောင့် ကျော်ကြားသူပါ။ ဆာ့ဂျ်ဖီလင်ဂျာဟာ စုတ်တံ ၁၀ ချောင်းကို သူ့ရဲ့လက်ချောင်းတွေမှာ ချည်ပြီး တပြိုင်တည်း ရေးဆွဲတာ ဖြစ်ပါတယ်။

ပန်းချီ ဆွဲချိန်မှာ စုတ်တံ တစ်ချောင်းပြီးတစ်ချောင်း လဲလှယ်အသုံးပြုရတာကို ငြီးငွေ့လာပြီးနောက် ဆာ့ဂျ်ဖီလင်ဂျာက အခုလို ကြံဆခဲ့တာလို့ ဆိုပါတယ်။ စစချင်းသူ့ရဲ့ ညာဘက်လက်မှာ စုတ်တံ ၃ ချောင်းကို ချည်ပြီး အသုံးပြုရင်း ကျင့်သားရလာတော့မှ ဘယ်ဘက်လက်မှာ စုတ်တံ ၂ ချောင်း ထပ်ချည်ခဲ့တာပါ။ အဲဒီနောက်မှာတော့ သူက လက် ၁၀ ချောင်းလုံးမှာ စုတ်တံတွေ ချည်ခဲ့တာပါ။

အဲဒီနည်းစနစ်ဟာ စုတ်တံတစ်ချောင်းတည်း သုံးပြီး ရေးဆွဲရတာထက် စိန်ခေါ်မှုပိုများပြီး ဦးနှောက်ညာဘက်ခြမ်းကို ပိုအလုပ်လုပ်ခိုင်းရတယ်လို့ ဆာ့ဂျ်ဖီလင်ဂျာက ဆိုပါတယ်။ ဆာ့ဂျ်ဖီလင်ဂျာဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဂျာမနီ၊ အီတလီနဲ့ ပိုလန်နိုင်ငံတွေမှာ ပြပွဲတွေ ပြသခဲ့ပြီး အမေရိကန်နိုင်ငံအထိ ပျံ့နှံ့အောင် လုပ်နိုင်ခဲ့သူပါ။

Ref: Meet the Artist Who Paints with Ten Brushes at the Same Time

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply