သူ့ကို ဖီလာဆန့်ကျင်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးအရာရှိကို ဒေါ်နယ်ထရမ့်က ရာထူးမှ ထုတ်ပယ်

18-11-2020-yyl-013.jpg

မဲမသမာမှုတွေရှိတယ်ဆိုတဲ့ သူ့ရဲ့စွပ်စွဲချက်ကို ဖီလာဆန့်ကျင်ခဲ့တဲ့ ရွေးကောက်ပွဲအရာရှိကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။ ရွေးကောက်ပွဲရဲ့ ဖြောင့်မတ်မှုနဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ မှတ်ချက်တွေပေးခဲ့လို့ ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီ (Cisa) အကြီးအကဲ ခရစ္စခရက်ကို စာချုပ်ဖျက်သိမ်းလိုက်တာလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

ဒေါ်နယ်ထရမ့်က သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီလို့ လက်မခံသေးဘဲ အကြီးအကျယ် မဲမသမာမှုတွေ ရှိတယ်လို့ အထောက်အထားမဲ့ စွပ်စွဲမှုတွေ လုပ်နေပါတယ်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရဲ့ မဲပေးမှုတွေဟာ အမေရိကန်နိုင်ငံသမိုင်းမှာ တိကျသေချာမှုအရှိဆုံးဖြစ်တယ်လို့ ခရစ္စခရက်အပါအဝင် ရွေးကောက်ပွဲအရာရှိတွေက ကြေညာခဲ့ပါတယ်။

” ရွေးကောက်ပွဲစနစ်တွေကို ကြိုးကိုင်ချယ်လှယ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိသလို နည်းစနစ်ပိုင်းအရလည်း မကိုက်ညီဘူးဆိုတာ ရွေးကောက်ပွဲလုံခြုံရေးပညာရှင် ၅၉ ယောက်လုံး သဘောတူညီကြပါတယ်”လို့ ရာထူးက ထုတ်ပယ်ခြင်းမခံရခင် ခရစ္စခရက်က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

” မဲရေတွက်တဲ့စက်တွေနဲ့ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့ ပြောကြားချက်တွေကို ပြန်မတင်ကြပါနဲ့ဗျာ။ သမ္မတကိုယ်တိုင် ပြောထားတယ်ဆိုရင်တောင် ပြန်မတင်ကြပါနဲ့”လို့ ရေးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ တွစ်တာပေါ်က မှတ်ချက်ကိုလည်း ခရစ္စခရက်က ဝေမျှဖော်ပြခဲ့ပါတယ်။

Ref: BBC ” Trump fires election security official who contradicted him”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top