အသက် ၃ နှစ်နဲ့ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးအဖွဲ့ထဲ ဝင်ခွင့်ရခဲ့တဲ့ ကလေးမလေး

27-1-2021-yyl-13.jpg

ဒါရာအယ် ဆင်းချ် (Dayaal Singh) ဆိုတဲ့ ကလေးမလေးဟာ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံးသူများအဖွဲ့ Mensa ရဲ့အငယ်ဆုံးအဖွဲ့ဝင်တွေထဲက တစ်ယောက်ဖြစ်လာခဲ့ပါပြီ။ သူဟာ အသက် ၃ နှစ်အရွယ်မှာ အိုင်ကျူဆိုင်ရာ ဝင်ခွင့်စာမေးပွဲကို ဖြေဆိုအောင်မြင်ပြီး Mensa အဖွဲ့ထဲကို ဝင်ခွင့်ရခဲ့တာပါ။

ဒါရာအယ်လေးက (၁၄) လအရွယ်မှာ ဗျည်းသရအက္ခရာတွေကို လေ့လာသင်ယူခဲ့ပြီး (၁၆) လအရွယ်မတိုင်ခင်မှာ ဗျည်းသရအက္ခရာတွေကို ရေရွတ်၊ ရေတွက်လာနိုင်ခဲ့ပါတယ်။ Mensa ဝင်ခွင့်စာမေးပွဲမှာ ဒါရာအယ်ဟာ အိုင်ကျူ ၁၄၅ နဲ့ စံချိန်တင်ခဲ့ပါတယ်။ ကမ္ဘာကျော်သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်းစတိုင်း (Albert Einstein)ရဲ့ အိုင်ကျူ ၁၆၀ အောက် အနည်းငယ်ပဲ ကွာပါတယ်။

သူ့ရဲ့ဖခင် ဆာဘ် ဆင်းချ် (Sarb Singh) နဲ့မိခင်ရာချ် တို့ဟာ သူတို့သမီးလေး ၁၆ လအရွယ်မှာ စာကြောင်းတွေစီပြီး ဖတ်တတ်လာတဲ့အချိန်မှာ ထူးခြားတယ်ဆိုတာ ပထမဆုံးသတိထားမိခဲ့တာပါ။ သူတို့ရဲ့သမီးလေးက ထူးခြားတဲ့ကလေးဆိုပေမဲ့ ဗျည်းသရအက္ခရာတွေကို မြန်မြန်ဆန်ဆန်နဲ့ လေ့လာနိုင်ပြီး ဖတ်နိုင်ခဲ့တာ မယုံကြည်နိုင်လောက်အောင်ပဲလို့ ဆိုပါတယ်။

အခုဆိုရင် ဒါရာအယ်လေးက ဆယ်ကျော်သက်တွေနဲ့အတူ အဆင်ပြေနေပြီး အာကာသအကြောင်း လေ့လာနေရတာကို ပျော်နေတယ်လို့ သူ့မိဘတွေက ပြောပါတယ်။ သူ့မိဘတွေဆိုရင် သူ ပြောတဲ့အရာတွေကို တစ်ချိန်လုံး Google မှာ ရှာနေရပါတယ်။ ဒါရာအယ်က သက်တူရွယ်တူအခြားကလေးတွေလို ကာတွန်းကားကြည့်ချင်စိတ်မရှိဘူးလို့ ဆိုပါတယ်။

Ref: TheSun “MENSA AT 3 Girl joined Mensa when she was three — after learning the alphabet at 14 months”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top