ဗီယက်နမ်မှာ ၃၅ နှစ်မပြည့်ခင် ကလေး ၂ ယောက်ယူတဲ့ မိခင်တွေကို ဆုပေးမယ်

27-1-2021-yyl-18.jpg

ဗီယက်နမ်နိုင်ငံမှာ အသက် ၃၅ နှစ်မပြည့်ခင် ရင်သွေး ၂ ယောက်ယူတဲ့ မိခင်တွေကို ဆုကြေးငွေ ဒါမှမဟုတ် လက်ဆောင်ပစ္စည်းတွေ ပေးအပ်သွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ကလေးမွေးဖွားနှုန်း ကျဆင်းနေတဲ့ ဟိုချီမင်းမြို့နဲ့ တောင်ပိုင်းပြည်နယ် ၁၅ ခု၊ အလယ်ပိုင်းဒေသ မြို့ ၄ မြို့မှာ မတ်လ ၁၀ ရက်နေ့ကစတင်ပြီး ဆုပေးတဲ့စနစ် အကျုံးဝင်မှာပါ။

ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှာ ကလေးမွေးဖွားနှုန်း သိသိသာသာ ကျဆင်းခဲ့သလို ပြီးခဲ့တဲ့ ၃ နှစ်ဆက်တိုက် ဗီယက်နမ်နိုင်ငံရဲ့ ကလေးမွေးဖွားနှုန်း (၂.၀၉)ကလည်း ကမ္ဘာလုံးဆိုင်ရာ သဘောတူထားတဲ့ နှုန်းထားထက် နည်းနေပါတယ်။

လူဦးရေ ၉၅ သန်းရှိတဲ့ ဗီယက်နမ်နုင်ငံဟာ ပြီးခဲ့တဲ့နှစ်မှာ အသက် ၆၀ ထက် အရွယ်ရှိသူ ၁၂ ရာခိုင်နှုန်းရှိနေပြီး အသက်အရွယ်ကြီးသူပမာဏ တဟုန်ထိုးမြင့်တက်လျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ်မှာ ၁၇.၉ ရာခိုင်နှုန်း၊ ၂၀၃၈ ခုနှစ်မှာ ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအတွက် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရှောင်ဖူက အသက် ၃၀ မတိုင်ခင် အိမ်ထောင်ပြုပြီး စောစောစီးစီး ကလေးယူကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

Ref: VN Express ” Vietnamese provinces, cities to reward women having two kids before turning 35 “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top