နှစ် ၅၀ ကျော် ပျောက်ဆုံးနေခဲ့တဲ့ ရိုးလက်စ်နာရီကို သတ္တုရှာဖွေသူက ပြန်လည်ရှာဖွေပေးခဲ့

30.6.2024-yyl-1.jpg

သတ္တုရှာဖွေသူတစ်ဦးဟာ လွန်ခဲ့တဲ့ နှစ် ၅၀ က ပျောက်ဆုံးသွားတဲ့ ရိုးလက်စ်နာရီကို ပြန်လည်ရှာဖွေပေးနိုင်ခဲ့ပါတယ်။ လယ်သမားကြီး ဂျိမ်းစ်စတီးလ်ဟာ ၁၉၇၀ ပြည့်နှစ် အစောပိုင်းတုန်းက နွားကျောင်းနေရင်း နာရီကြိုးပြတ်သွားလို့ အဖိုးတန် ရိုးလက်စ်နာရီ ပျောက်သွားခဲ့တာပါ။ သူ့ရဲ့ နွားအုပ်ထဲက နွားတစ်ကောင်ဟာ မြက်စားရင်း နာရီကိုပါ မြိုချမိခဲ့ပါတယ်။ အဲဒီနောက် ရိုးလက်စ်နာရီက နွားချေးပုံထဲ ပါသွားပြီး ပျောက်ဆုံးသွားခဲ့တာပါ။

ဂျိမ်းစ်စတီးလ်ဟာ ၁၉၅၀ ပြည့်နှစ်တုန်းက သူ့ရဲ့ ၂၁ နှစ်ပြည့်မွေးနေ့မှာ ရိုးလက်စ်နာရီကို ပေါင် ၁၀၀ နဲ့ ဝယ်ယူခဲ့တာပါ။ ဒီနေ့ခေတ် ငွေဈေးနဲ့ဆိုရင်တော့ ဒေါ်လာ ၅၀၀၀၊ ၆၀၀၀ ဝန်းကျင် ရှိပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ သတ္တုရှာဖွေသူ လီယမ်ကင်းက ဂျိမ်းစ်စတီးလ်ရဲ့ လယ်ကွင်းထဲကို လာပြီး သတ္တုရှာဖွေခွင့် တောင်းခဲ့ပါတယ်။ ဂျိမ်းစ်စတီးလ်ရဲ့မြေးက ရှာဖွေခွင့်ပေးခဲ့ပြီး ငွေဒင်္ဂါးနဲ့ ရွှေထည်တွေ မတွေ့ခဲ့ပေမဲ့ ရွံတောထဲကနေ ဂျိမ်းစ်စတီးလ်ရဲ့ ရိုးလက်စ်နာရီကို ရှာဖွေနိုင်ခဲ့တာပါ။ ဂျိမ်းစ်စတီးလ်ကတော့ ကုန်ကျစရိတ် များလွန်းတဲ့ အတွက် နာရီကို ပြင်ဆင်သွားမှာ မဟုတ်ဘဲ အမှတ်တရအနေနဲ့ သိမ်းထားမယ်လို့ ဆိုပါတယ်။

Ref: Metal Detectorist Finds Farmer’s Rolex – 50 Years After it was Eaten by a Cow
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top