မုန်တိုင်းမိပြီး ထိုင်းစစ်သင်္ဘော နစ်မြုပ်လို့ သင်္ဘောသား ၃၁ ယောက် ပျောက်ဆုံးနေ

19-12-2022-yyl-76.jpg

ထိုင်းပင်လယ်ကွေ့မှာ မုန်တိုင်းတိုက်ခတ်နေချိန်အတွင်း အမှုထမ်း ၁၀၀ ကျော် လိုက်ပါလာတဲ့ စစ်သင်္ဘော တိမ်းမှောက်နစ်မြုပ်ခဲ့လို့ သင်္ဘောသား ၃၁ ယောက် ပျောက်ဆုံးနေပါတယ်။ HTMS Sukothai စစ်သင်္ဘောဟာ ပရာချက်ခီရီခန်းပြည်နယ်၊ ဘန်ဆာဖန်မြို့အနောက်ဘက် မိုင် ၂၀ အကွာမှာ ကင်းလှည့်နေရင်း ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မုန်တိုင်းမိခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက HTMS Sukothai စစ်သင်္ဘော တိမ်းမှောက်ပြီး သင်္ဘောကိုယ်ထည်ထဲ ရေဝင်ခဲ့လို့ ထိန်းချုပ်ခန်းမှာ ဝါယာရှော့ခ် ဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ သင်္ဘောသား ၇၅ ယောက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ သင်္ဘောသား ၃၁ ယောက် ပျောက်ဆုံးနေဆဲပဲလို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

” သင်္ဘောမှောက်တာ ၁၂ နာရီကျော် ကြာပါပြီ။ ကျွန်တော်တို့ ရှာဖွေမှုတွေ လုပ်နေဆဲပါ”လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ကယ်ဆယ်ရေးသမားတွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ညလုံးပေါက် ကြိုးပမ်းခဲ့ပါတယ်။

” ကျွန်တော်တို့ ရေတပ်သမိုင်းမှာ ဒီလိုအဖြစ်မျိုး မကြုံစဖူးပါပဲ။ အထူးသဖြင့် လက်ရှိအသုံးပြုနေတဲ့ သင်္ဘောတစ်စင်း အခုလိုဖြစ်တာမျိုးပေါ့” လို့ ရေတပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ပေါ့ခရွန်က ဆိုပါတယ်။

HTMS Sukothai သင်္ဘောကို ၁၉၈၀ ပြည့်နှစ်အလယ်ပိုင်းက အမေရိကန်နိုင်ငံမှာ တည်ဆောက်ခဲ့တာပါ။

Ref: Thailand warship capsizes leaving 31 sailors missing

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top