ငါဟာကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှတူစရာမလိုပါ

the-impudent-portrait-of-a-self-confident-PV8U244-e1566119533138.jpg

သင့်ကို လူတချို့က အနိုင်ကျင့်တာကို ခံရတဲ့အခါ အဆုံးစွန်ထိသည်းခံပါ။ သည်းခံမှုတွေထားလို့မရတဲ့ အတိုင်းအတာအထိ ရောက်တဲ့အခါ အဲဒီလူတွေကို အဆိပ်ပြင်းပြင်းထန်ထန် တုံပြန်ပါ။

သင့်ဟာ အမှန်တရားကိုမြတ်နိုး၊ တွယ်တာသူဖြစ်နေလို့ တစ်လောကလုံးနဲ့ တစ်ယောက်ဖြစ်ခဲ့ရင်တောင် စိတ်မပျက်ပါနဲ့။ အမှန်တရားတွေ ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ကမ္ဘာကြီးမှာ လောကနိယာမ အမှန်တရားက သင့်ကို စောက်ရှောက်ပေးပါလိမ့်မယ်။

အင်အားကြီးသူနဲ့ အင်အားနည်းတဲ့သူ တိုက်ခိုက်ကြတဲ့အခါ အင်အားနည်းသူက ရှုံးနိမ့်တာဟာ သဘာဝလိုဖြစ်နေပေမယ့် အင်းအားနည်းတဲ့သူက အမှန်ဘက်ကဖြစ်နေလျှင် ရှံးနှိမ့်ခဲ့ရင်တောင် အမှန်တရားကို လူအများသိအောင် ထုတ်ဖေါ်နိုင်ပါစေ…

ကိုယ့်အိမ်တွင်းရေး အဆင်ပြေခြင်း၊ အဆင်မပြေခြင်းကို ကိုယ့်အိမ်ထဲမှာပဲ ထားပါ။ အိမ်တွင်းရေးကို အပြင်မှာ ထုတ်ဖေါ်ပြခြင်းက သင့်ကို မနာလိုသူ တချို့အတွက် လက်နက်တစ်ခု ဖြစ်သွားပါလိမ့်မယ်…

သင့်ပတ်ဝန်းကျင်မှာ အယောင်ဆောင် မိတ်ဆွေ အတုတွေ အချိန်၊ နာရီအမျှ ရှိနေတာကိုလည်း သတိပြုပါ။ စစ်မှန်တဲ့မိတ်ဆွေမျိုးဆိုတာ အများကြီးမလိုပါဘူး။ တစ်ယောက်၊နှစ်ယောက်ရှိနေရင်တောင် သင့်အတွက်လုံလောက်နေပါပြီ။

ယခုခေတ်လူအများစုက သူများဖောက်ပြီးသားလမ်းကိုသာ လျှောက်ချင်ကြတယ်။ စီးပွားရေးမှာလည် ဒီသဘောတရားပါပဲ။ သင့် စီးပွားရေးလုပ်ငန်းတွေ အောင်မြင်နေရင် သင့်လို စီးပွားရေးလုပ်ငန်းတူတွေ အများအပြား ပေါ်ပေါက်လာပါလိမ့်မယ်။

ပတ်ဝန်းကျင်ရဲ့ စကားတွေကို လိုတာထက်ပိုပြီး နားမထောင်ပါနဲ့။ နားထောင်မိရင်တောင် ရင်ဘက်ထဲမထည့်ပါနဲ့။ ပတ်ဝန်းကျင်ရဲ့ အကြိုက်အတိုင်း လိုက်နေရရင် သင့်ရဲ့ အကြိုက်ဆုံးအရာတွေ ပျောက်ဆုံးနေရပါလိမ့်မယ်။

သင်ဟာ ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ တူစရာမလိုပါဘူး။ တူဖို့လည်းမကြိုးစားပါနဲ့။ မွေးရာပါ ကိုယ်ပိုင်အရည်အချင်း ကောင်းမွန်တဲ့ အတွေးအခေါ် အယူအဆ၊ အမှားတွေရှိခဲ့တဲ့ ပစ္စုပ္ပန်၊ တည်ငြိမ် ရင့်ကျက်တဲ့ အနာဂတ်အတွက် သင်ဟာသင်ပဲဖြစ်နေပါစေ။

မေအက်စတာ Mayaster (Yoyarlay’s reader)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top