သင်သိပါသလား

31038483_220642752025806_2263620600825596732_n-Copy.jpg

ကမ္ဘာကြီးမှာ အံ့ဩစရာ၊ ထူးခြားဆန်းပြားတာတွေက အများကြီးပါ။ သိစရာတွေက မကုန်နိုင်အောင်ပါပဲ။ အလွယ်တကူ သိလာနိုင်တဲ့ ဒီဘက် အင်တာနက်ခေတ်မှာတော့ လက်ခေါက်တစ်ချက်စာသာ ရှိပါတယ်။ ကိုယ်တွေ့မဟုတ်ရင်တောင် တချို့အချက်တွေက အရမ်းခွန်အားဖြစ်စေသလို တချို့အချက်တွေက ကြည်နူးစေနိုင်လောက်ပါတယ်။

နည်းနည်းလောက်ကြည့်လိုက်ကြရအောင်…

 

သွေးတွေ တစ်စက်မကျန် အကုန်အစင် စစ်ထုတ်ထားတဲ့ နှလုံးတစ်ခု

 

ဒေါ်လာ ၄၃.၆ သန်းနဲ့ ရောင်းထွက်ခဲ့တဲ့ ပန်းချီကား

 

ကိုယ်အလေးချိန် ၃အောင်စ -ငါးအောင်စ သာ ရှိပြီး ၇လက်မသာ အရှည်ရှိတဲ့ မွေးခါစ ချစ်စရာ ပန်ဒါလေး

 

တူရကီ အနုပညာရှင် Tuna Ferit Hidayetoglu ရဲ့ ခဲခြစ် ပုံတူပန်းချီ

 

ကယ်လ်ကဲလတ်စ် သချာၤကို ခေါင်းထဲမှာတင် အဖြေ အပြီးထုတ်နိုင်ခဲ့တော့ ဆရာတွေအမြင်မှာ ဒီကျောင်းသား ညာနေတယ်ထင်ရအောင် တော်ခဲ့တဲ့ သိပ္ပံ ပညာရှင် တက်စ်လာ

 

အနာကြီးရောဂါအတွက် ကာကွယ်ဆေးကို တီထွင်နိုင်ခဲ့ပြီး သူ့ရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့မှာ ကင်ဆာကာကွယ်ဆေးကိုပါ ရှာဖွေကြံဆနေဆဲ ပညာရှင်။ ကုသပေးရသမျှ လူနာတိုင်းကို ပိုက်ဆံမယူခဲ့ဖူးတဲ့ သူပါ

 

ဘေဂျင်းမြို့မှာ ကားလမ်းပိတ်နေပြီဆိုရင် ဒေါ်လာ ခြောက်ဆယ် ပေးရုံနဲ့ ကိုယ့်ကို မော်တော်ဆိုင်ကယ်နဲ့ လာခေါ်၊ လိုရာခရီးကို အချိန်မီအရောက် ပို့ပေးပြီး ပိတ်နေတဲ့ကိုယ့်ကားကိုလည်း လိုရာနေရာကို မောင်းယူလာပေးမယ့် ထူးထူးခြားခြား ဝန်ဆောင်မှု တစ်ခုရှိပါတယ်တဲ့

 

ပင်ဂွင်းအထီးတစ်ကောင်ဟာ အမတစ်ကောင်ကို ချစ်ခင်စုံမက်မိပြီဆို ကမ်းခြေတစ်လျှောက်မှာ ကျောက်စရစ်ခဲ လှလှလေး တစ်လုံးရှာပြီး ပင်ဂွင်းမလေးကို လက်ဆောင်ပေးတတ်ပါတယ်တဲ့။ လူတွေလို လက်ထပ်ခွင့် တောင်းတဲ့သဘောပါ

 

9/11 ဖြစ်ရပ်ဆိုးမှာ ဝန်ထမ်း ၆၆ ယောက် ဆုံးရှူံးသွားရတဲ့ ဘဏ်က အခုချိန်မှာ ဒီဝန်ထမ်း တွေရဲ့ မိသားစုဝင် ကလေးငယ် ၅၄ ယောက် ကို ကောလိပ်ထိ ရောက်အောင် ပံ့ပိုးပေးခဲ့တဲ့ ဘဏ်ပဲဖြစ်ပါတယ်

 

ဂျူပီတာဂြိုဟ်ကို အောက်ဘက်မြင်ကွင်းမှ မြင်ရပုံ

 

ဂျာမဏီနိုင်ငံ စစ်သားတွေဟာ လူသားဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ ဘယ်အမိန့်အာဏာကိုမဆို ဆန့်ကျင်ဖီဆန်ခွင့် ရှိပါတယ်တဲ့

 

၁၆ ဆက်မြောက် အမေရိကန် သမ္မတ အေဘရာဟင်လင်ကွန်းဟာ နပန်းသတ်ပွဲ ၃၀၀ မှာ တစ်ပွဲသာ ရှူံးခဲ့တာကြောင့် သူ့ကို နပန်းသတ်လောကရဲ့ ဂန္တဝင် အဓိကရစာရင်း Hall of Fame ထဲ နာမည်ထည့်သွင်းအပ်နှင်းခဲ့ရပါတယ်

 

BMW M5 ကား ရဲ့ အင်ဂျင်က ညက်လွန်းတော့ ကားမောင်းသူ အိပ်ပျော်သွားမှာစိုးလို့ စပီကာကနေ အင်ဂျင်ဆူသံ အတုလုပ်ပြီး ကုမ္ပဏီဘက်က ဖန်တီးပေးထားရပါသတဲ့

 

အမေဇုံ မြစ်ဝှမ်းက အချင်း ၆ပေ ထိရှိတဲ့ ဧရာမ ပွင့်ဖတ်ကြီးတွေ။ ပေါင်ချိန် ၁၀၀ အထိ အလေးဒဏ် ခံနိင်ပါသတဲ့

 

သူက ကမ္ဘာ့ပထမဆုံးအနေနဲ့ HIV ရောဂါ ကို ပြန်တော်လှန်နိုင်ခဲ့တဲ့ သူ။ နာမည်က တီမိုသီရေးဘရောင်း။ HIV ရနေပြီ သိရတဲ့အချိန် သူ့မှာ လူကီးမီးယား သွေးကင်ဆာ ဖြစ်နေပြီ။ သွေးတွင်းပင်မဆဲလ်တွေ အစားထိုးကုသဖို့အတွက် ရှားပါးတဲ့ HIV ခုခံအားဗီဇရှိသူရဲ့ အလှူအဒါန်း နဲ့ လက်ရှိမှာ HIV negative ဖြစ်သွားခဲ့ပါပြီ

 

1998 နှစ်တုန်းက ကလေးမလေးကို မီးထဲကနေ ကယ်ထုတ်ပေးခဲ့တဲ့ ပြည်သူ့ဝန်ထမ်းကြီး။ 2016 မှာ သူမ ဘွဲ့ယူချိန် လာရောက် ဂုဏ်ပြုခဲ့တာပါ

 

ဟယ်ရီပေါ်တာ ရုပ်ရှင်ထဲက Howard Express ရထားကြီးဟာ စကော့တလန်မှာ တကယ်ရှိခဲ့ပါတယ်

 

အသားအရောင်တွေ ကွဲပြားတာက နှလုံးသားအလှအပေါ် ဘာသက်ရောက်မှုမှ မရှိပါဘူး။ အားလုံး လူသားတွေချည်းပါပဲ

 

ဦးခေါင်းတစ်ခုလုံး ဆံပင်တွေ အပြည့်နဲ့ မွေးလာခဲ့တဲ့ ကလေးငယ်လေး

 

မားစ်ဂြိုဟ်ပေါ်က နေဝင်ချိန်အလှ

 

အလေးချိန် ၈ တန်စီးတဲ့ ဝေလငါး။ ရေပေါ်အထက် ၁၅ ပေအထိ ခုန်နိုင်ပါတယ်

 

Angeler Fish ငါးမျိုးတွေဟာ အထီးနဲ့ အမ မိတ်လိုက်တဲ့အခါ ခန္ဓာကိုယ် ၂ခုက ထာဝရ တစ်သားတည်း ဖြစ်သွားပါတယ်။ ပင်လယ်ပြင်ကျယ်ထဲက အံ့ဩစရာပါပဲ။ အထီးလေးက ကိုယ်ကြွေတဲ့ အမ လေးကို တွေ့တဲ့အခါ အထီးက မျက်လုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေကို အဆုံးခံလိုက်ပြီး နှစ်ယောက်သား သွေးစီးကြောင်းတစ်ခုတည်း ဖြစ်တဲ့အထိ ပေါင်းစည်းသွားပါသတဲ့

 

တရုတ်ပြည်က လူတစ်ယောက်ဟာ တရုတ်လေကြောင်းလိုင်း တစ်ခုမှာ ပထမတန်းကနေ လက်မှတ်ဝယ်တယ်။ လေဆိပ်ကို တစ်နှစ်နီးပါးလောက် နေ့တိုင်းသွားတယ်။ ကျွေးသမျှ အကုန် အလကားစားတယ်။ အကြိမ် ၃၀၀ လောက် စားပြီးရင် လက်မှတ်ကို ပြန်လဲတယ်။ ရက်မလွန်ခင်မှာ လေယာဉ်လက်မှတ်ကို cancel လုပ်ပြီး ငွေအပြည့်ပြန်အမ်းခိုင်းတယ်။ ဥာဏ်ပြေးလိုက်တဲ့လူနော်

 

Ref: neverstoplearning

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top