မိုင်လီဆိုင်းရပ်စ် လိုက်ပါလာတဲ့ လေယာဉ် မိုးကြိုးပစ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရ

24-2-2022-yyl02.jpg

အမေရိကန် အဆိုတော် မိုင်လီဆိုင်းရပ်စ် လိုက်ပါလာတဲ့ လေယာဉ်ဟာ မိုးကြိုးပစ်ခံရလို့ အရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ မိုင်လီဆိုင်းရပ်စ်ဟာ အဆန်စီယွန်ဂီတဖျော်ဖြေပွဲအတွက် ပါရာဂွေးနိုင်ငံကို သွားခဲ့တာပါ။

” အဆန်စီယွန်ကိုသွားတဲ့ ကျွန်မရဲ့လေကြောင်းခရီးစဉ်အကြောင်း သတင်းကြားပြီး ပရိသတ်တွေ စိုးရိမ်ပူပန်ခဲ့ကြပါတယ်။ မမျှော်လင့်ဘဲ မုန်တိုင်းတိုက်ပြီး ကျွန်မတို့လေယာဉ် မိုးကြိုးပစ်ခံခဲ့ရတာပါ။ လေယာဉ် အရေးပေါ်ဆင်းသက်ခဲ့ရပြီး ကျွန်မရဲ့လုပ်သားတွေ၊ တီးဝိုင်းအဖွဲ့ဝင်တွေ၊ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေအားလုံး ဘေးကင်းလုံခြုံခဲ့ပါတယ်။ ပါရာဂွေးကိုတော့ မပျံသန်းနိုင်ခဲ့ဘူး” လို့ မိုင်လီဆိုင်းရပ်စ်က အင်စတာဂရမ်မှာ ရေးသားခဲ့တာပါ။

ပါရာဂွေးနိုင်ငံမှာ ရာသီဥတုအခြေအနေ ဆိုးရွားနေလို့ တေးဂီတဖျော်ဖြေပွဲ ပထမနေ့ကို ဖျက်သိမ်းခဲ့ရပါတယ်။ ဒါကြောင့် Foo Fighters ၊ Machine Gun Kelly နဲ့ Doja Cat စတဲ့ တခြားအဆိုတော်တွေလည်း ဖျော်ဖြေနိုင်ခဲ့ခြင်းမရှိပါဘူး။

Ref: CNN “Miley Cyrus’ plane forced to make emergency landing after being struck by lightning”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top