ကျေးဇူးမမေ့တဲ့ သူဌေးကြီးက သူ ကြီးပြင်းရာ ဆင်းရဲသားရပ်ကွက်ကို ဖျက်ပြီး တိုက်တာသစ်တွေ ဆောက်ပေးခဲ့

25-10-2022-yyl-49.jpg

သူငယ်ငယ်က ဆင်းရဲသားရပ်ကွက်မှာ နေရတယ်။ သူတို့မိသားစု အကူအညီလိုတဲ့အခါ အိမ်နီးနားချင်းတွေ၊ ရပ်ဆွေရပ်မျိုးတွေက ကူညီပေးကြတယ်။ သူ ချမ်းသာလာချိန်မှာတော့ ရွှေဟွာက ကျေးဇူးမမေ့ခဲ့ဘူး။

သူ ကြီးပြင်းခဲ့ရာ ဆင်းရဲသားရပ်ကွက်ထဲက အိမ်အဟောင်းတွေအားလုံးကို ဖျက်ပစ်ပြီး တိုက်တာအသစ်တွေ ဆောက်ပေးခဲ့တယ်။ မိသားစု ၇၂ စုအတွက် တိုက်တာအသစ်တွေ ဆောက်ပေးခဲ့တာပါ။ သူ့မိသားစုအပေါ် အရမ်းကောင်းခဲ့တဲ့ မိသားစု ၁၈ စုကိုတော့ ကိုယ်ပိုင်ခြံဝန်းနဲ့ အိမ်ကြီးအိမ်ကောင်းတွေ ဆောက်ပေးခဲ့တယ်။ ပေါင် ၄ သန်းလောက် အကုန်အကျခံပြီး ဆောက်ပေးခဲ့တာပါ။

သံမဏိထုတ်လုပ်ရေးလုပ်ငန်းနဲ့အတူ ချမ်းသာကြွယ်ဝလာတဲ့ တရုတ်သန်းကြွယ်သူဌေး ရွှေးဟာဟာ ၁၉၅၅ ခုနှစ်တုန်းက တရုတ်နိုင်ငံတောင်ပိုင်း ကျင်းဇီပြည်နယ်၊ ရှင်းယုမြို့နားက ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ တိုက်တာသစ်တွေ အခမဲ့ ဆောက်ပေးခဲ့တာပါ။ ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ ချို့တဲ့နွမ်းပါးသူတွေကိုပါ စားစရိတ်ထောက်ပံ့ပေးခဲ့ပါသေးတယ်။

Ref: Millionaire Chinese businessman bulldozes run down huts in village where he grew up and builds luxury flats for residents instead… for free

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top