ပျောက်ဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို စပါးအုံးမြွေဗိုက်ထဲကနေ ပြန်တွေ့

2-11-2022yyl54.jpg

ရော်ဘာစိုက်ခင်းထဲ သွားရာကနေ ပျောက်ဆုံးသွားတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို စပါးအုံးမြွေကြီးရဲ့ ဗိုက်ထဲကနေ ပြန်တွေ့ခဲ့ပါတယ်။ ဂျာရာလို့ အမည်ရတဲ့ အသက် ၅၄ နှစ်အရွယ် အင်ဒိုနီးရှားအမျိုးသမီးဟာ အောက်တိုဘာလ ၂၃ ရက်က သူ အလုပ်လုပ်တဲ့ ရော်ဘာစိုက်ခင်းကို ထွက်သွားခဲ့ပြီး ညအထိ အိမ်ပြန်လာခဲ့ခြင်း မရှိပါဘူး။

ခင်ပွန်းဖြစ်သူက သူ့ကို လိုက်ရှာချိန်မှာ ဂျာရာရဲ့ ဖိနပ်၊ ဓား၊ ခေါင်းစည်းပဝါနဲ့ အနွေးထည်အင်္ကျီကို စိုက်ခင်းထဲကနေ ပြန်တွေ့ပေမဲ့ ဂျာရာကိုတော့ မတွေ့ခဲ့ပါဘူး။ ညအရမ်းနက်နေလို့ ရှာဖွေမှုကို ရပ်နားခဲ့ပြီး နောက်နေ့ နံနက် ပြန်လိုက်ရှာချိန်မှာတော့ ရွာသားတွေက ဝမ်းဗိုက်ဖောင်းကားနေတဲ့ စပါးအုံးမြွေကြီးကို တွေ့ခဲ့တာပါ။ ၂၂ ပေလောက် ရှည်လျားတဲ့ မြွေကြီးရဲ့ ဝမ်းဗိုက် ဖောင်းကားနေတာကို မသင်္ကာတဲ့ ရွာသားတွေက မြွေကြီးကို သတ်ပြီး ဗိုက်ခွဲကြည့်ချိန်မှာတော့ ဂျာရာရဲ့အလောင်းကို တွေ့ခဲ့တာပါ။

အရင်တုန်းကလည်း တာဂျန်ဂါဂျာရွာမှာ ၂၇ ပေ ရှည်လျားတဲ့ စပါးအုံးမြွေကြီးကို တွေ့ခဲ့ဖူးပါတယ်။ ဒါကြောင့် သူတို့ရွာနားတစ်ဝိုက်မှာ အင်မတန်ကြီးမားတဲ့ စပါးအုံးမြွေတွေ ရှိနေမှာကို လည်း ရွာသားတွေက စိုးရိမ်နေကြပါတယ်။

Ref: Missing Grandmother’s Body Found Swallowed Whole By 22-Foot Python

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply