ပါရဂူဘွဲ့ရယူရင်း ဘွဲ့ရကျောင်းသူ/သားတွေကို ခွန်အားဖြစ်စေမယ့်စကားတွေပြောကြားခဲ့တဲ့ တေလာဆွစ်ဖ်

19-5-2022-yyl-04.jpg

မေလ ၁၈ ရက်နေ့မှာ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်က နယူးယောက်တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို ရယူခဲ့ပါတယ်။ ဘွဲ့နှင်းသဘင်မှာ ဘွဲ့ရကျောင်းသူ/သားတွေကိုလည်း ခွန်အားဖြစ်စေမယ့်စကားတွေ ပြောကြားခဲ့ပါတယ်။

တေလာဆွစ်ဖ်က ဘွဲ့ရကျောင်းသူ/သားတွေကို သူတို့ရဲ့ရွေးချယ်မှုအများစုကို လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ “ဘဝက လေးလံနိုင်တယ်။ အထူးသဖြင့် မင်း မလိုမုန်းတီးမှုတွေ၊ မနာလိုဝန်တိုမှုတွေ၊ အာဃာတတွေကို တစ်ခါတည်းနဲ့ ယူဆောင်ဖို့ ကြိုးစားရင်ပေါ့။ မင်းရဲ့ဘဝအတွက် ဘာတွေကို ဖက်တွယ်ထားရမယ် ဘာကို လွှတ်ချခဲ့ရမယ်ဆိုတာကို သေချာရွေးချယ်မှာဖြစ်မယ်။ ငါ့မှာ ကောင်းသတင်းတချို့ရှိတယ်။ ဒါက သေချာပေါက် မင်းအပေါ်မူတည်တယ်။ ငါ့မှာ ထိတ်လန့်စရာသတင်းတချို့ရှိတယ်။ ဒါက သေချာပေါက် မင်းအပေါ်မူတည်တယ်” လို့ သူက ပြောပါတယ်။

“ငါတို့ဆီမှာ ခက်ခဲတဲ့အရာတွေဖြစ်လာမယ်။ ငါတို့ ပြန်ထရမယ်။ ငါတို့ အဲဒီကနေ သင်ခန်းစာယူမယ်။ အဲဒါကြောင့် ငါတို့ ပိုပြီး ခံနိုင်ရည်ရှိလာမယ်။ ငါတို့ အသက်ရှုနေရသရွေ့ ငါတို့ အသက်ဝဝရှုမယ်။ အခုဆို ငါ ဆရာဝန်ဖြစ်ပြီးဆိုတော့ အသက်ရှုတာ ဘယ်လိုလဲဆိုတာ ငါသိပြီ”လို့ တေလာဆွစ်ဖ်က ဆိုပါတယ်။

ကပ်ရောဂါအတွင်း ကောလိပ်တက်နိုင်ခဲ့တဲ့အတွက် ဘွဲ့ရကျောင်းသူ/သားတွေကို ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ တေလာဆွစ်ဖ်က “ကြိုးစားရမှာကို ဘယ်တော့မှ မရှက်ပါနဲ့။ အားစိုက်ထုတ်မှုက မှတ်ကျောက်တင်နိုင်မယ့်အရာပါပဲ”တဲ့။

ဂရမ်မီဆုရှင်တေလာဆွစ်ဖ်က တက္ကသိုလ်ရဲ့ဂုဏ်ထူးဆောင်ဘွဲ့ရရှိသူ (၃) ဉီးထဲက တစ်ယောက်ဖြစ်ပါတယ်။ ဒီဘွဲ့က တေလာအတွက် ပထမဆုံးသောကောလိပ်ဘွဲ့လည်းဖြစ်ပါတယ်။ နယူးယောက်တက္ကသိုလ်က တေလာဆွစ်ဖ်ကို တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ဂီတစွန့်ဉီးတီထွင်သူအဖြစ် သင်တန်းပို့ချဖို့ ကမ်းလှမ်းထားပါတယ်။

Ref: AsiaOne “It’s gonna be all right, Taylor Swift tells NYU graduates at commencement”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top