ဘရာဇီး နိုင်ငံ Pantanal စိမ့်မြေအရပ်တွင် တောမီးလောင်မှုကြီး ဖြစ်ပေါ်နေ

yyl-017.jpg

ဘရာဇီးနိုင်ငံတောင်ပိုင်း ဒေသဖြစ်သည့် Pantanal သဘာဝဇီဝ ကွဲပြားမှုများဖြင့် ကမ္ဘာ့ခရီးသွား များကို ဆွဲဆောင်နေသည့် ထို စိမ့်မြေအရပ်တွင် တောမီးလောင်မှုကြီး ဖြစ်ပေါ်နေသည် ဟုသိရှိရသည်။ ယခုအထိတော့ စတုရန်းမီတာပေါင်း ၅၀,ooo အထိလောင်ကျွမ်းခဲ့ပြီးဖြစ်သည်။ ဘရာဇီးအစိုးရအဖွဲ့ဝင်၏ ပြောကြားချက်အရ “အရင်က ဖြစ်ပွားခဲ့သော တောမီးလောင်မှုတွေထက် အများကြီး ဆိုးရွားတယ်” ဟုဆိုသည်။

မီးတောက်ကြီးများသည် သြဂုတ်လတွင် ဖြစ်ပေါ်ခဲ့သည် အမေဇုန်တောမီးလောင်မှု နှင့် အလားတူ ပြင်းထန်စွာ လောင်ကျွမ်းနေခြင်း၊ စတုရန်း မီတာပေါင်းများစွာကို လောင်ကျွမ်းနေခဲ့ခြင်း၊ အနီးအနားရှိမြို့ သုံးမြို့သို့ မီးကူးနေခြင်း၊ ကမ္ဘာလှည့် ခရီးသွားများ အလည်သွားရာ နေရာတွင် လောင်ကျွမ်းနေခြင်းများ ဖြစ်ပေါ်နေသည့် အခြေအနေကြောင့် ဘရာဇီးအစိုးရအဖွဲ့သည် အရေးပေါ်အခြေအနေ အဖြစ် ထုတ်ပြန် ထားခဲ့သည်။

ထွက်ရှိလာသော မီးခိုးများကြောင့်လည်း ဟိုင်းဝေးကားလမ်းမများတွင် ယာဥ်ကြော ပိတ်ဆို့မှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယခုဖြစ်ပွားနေသော မီးလောင်မှုသည် ၂၀၀၇ ခုနှစ် ထဲက လောင်ကျွမ်းခဲ့မှုများအတွင်း အဆိုးရွားဆုံးဟု ဆိုသည်။

မေ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top