ကမ္ဘာ့အရှည်လျားဆုံး ကုန်းကြောင်းခရီး

world.png

ကမ္ဘာပေါ်မှာ လမ်းလျှောက်ခရီးနှင်နိုင်တဲ့ အရှည်လျားဆုံးလမ်းကြောင်းကတော့ တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့ကနေ ရုရှားနိုင်ငံ မာဂါဒါမြို့အထိ ၁၃၉၁၁ မိုင် ရှည်လျားတယ်လို့ ဆိုပါတယ်။ အဲဒီလမ်းကြောင်းကို လမ်းလျှောက်သွားဖို့ ၄၄၉၂ နာရီ ကြာမြင့်မှာဖြစ်ပြီး မရပ်မနား လမ်းလျှောက်သွားမယ်ဆိုရင် ၁၈၇ ရက်၊ တစ်နေ့ကို ၈ နာရီနှုန်းနဲ့ လမ်းလျှောက်မယ်ဆိုရင် ၅၆၁ ရက် ကြာမြင့်မယ်လို့ ဆိုပါတယ်။

အဲဒီလမ်းကြောင်းအတိုင်း လမ်းလျှောက်သွားရင် နိုင်ငံ ၁၇ နိုင်ငံ၊ အချိန်ဇုန် ၆ ခုကို ဖြတ်သန်းရမှာဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းဟာ ဥရောပ၊ အာရှ၊ အာဖရိကတိုက် ၃ ခုကို ဆက်သွယ်ထားတဲ့ ကုန်းလမ်းခရီးပါ။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top