ကျောင်းရဲ့ ကြွေးကျန်တွေကို ဆပ်ပေးနိုင်ခဲ့တဲ့ ၄ တန်းကျောင်းသားလေး

31.5.24-yyl-7.jpg

၄ တန်းကျောင်းသားလေးက သူ့ကျောင်းရဲ့ အကျွေးအမွေးစရိတ် ကြွေးကျန်အားလုံးကို ဆပ်ပေးနိုင်ခဲ့ပါတယ်။ ၁၁ နှစ်အရွယ် ဒါကင်ခရာမာဟာ Thomas Ultican မူလတန်းကျောင်းမှာ ပညာသင်ကြားနေသူဖြစ်ပြီး လာမယ့်နှစ်ကျရင် အလယ်တန်းကျောင်းကို ပြောင်းရတော့မှာပါ။

” ဒီနှစ်က ဒီကျောင်းမှာ နောက်ဆုံးတက်ရတဲ့နှစ်လေ။ ကျောင်းတော်ကြီးကို ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးချင်တယ်”လို့ ဒါကင်ခရာမာက ဆိုပါတယ်။ သူဟာ ကျောင်းရဲ့ အကျွေးအမွေးစရိတ်( ကျောင်းသား/သူတွေကို နေ့လယ်စာကျွေးတဲ့စရိတ်) ကြွေးကျန်တွေ ဆပ်ပေးဖို့အတွက် အလှူငွေ ဒေါ်လာ ၃၅၀၀ ရအောင် ရည်ရွယ်ခဲ့တာပါ။

ဒါကင်က သူ့ကို ဝိုင်းဝန်းကူညီပေးကြဖို့ သူ့သူငယ်ချင်းတွေ၊ မိဘဆွေမျိုးတွေ၊ အိမ်နီးနားချင်းတွေကို အကူအညီတောင်းတဲ့ ဗီဒီယိုတစ်ခု ပြီးခဲ့တဲ့လမှာ တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက ပျံ့နှံ့သွားပြီး အလှူငွေ ထည့်ဝင်သူ အများအပြားရှိခဲ့လို့ အမေရိကန်ဒေါ်လာ ၇၃၇၀ အထိ ရရှိခဲ့ပါတယ်။ အဲဒီအတွက် Thomas Ultican မူလတန်းကျောင်းအတွက် ကြွေးကျန်တွေ ပေးဆပ်နိုင်ခဲ့ရုံတင်မကဘဲ ဒေသခံ Blue Springs အထက်တန်းကျောင်းအတွက်ပါ ကြွေးကျန်လျှော့ချပေးနိုင်ခဲ့ပါတယ်။

ဒါကင်ရဲ့ လုပ်ဆောင်ချက်ဟာ ထိရောက်လွန်းခဲ့တာကြောင့် မေလ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကျောင်းဆင်းပွဲမှာ ဆုချီးမြှင့်ခံခဲ့ရပါတယ်။ ဒါ့အပြင် ဒါကင်ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း သူ့လို စွမ်းဆောင်ပေးနိုင်တဲ့ ကျောင်းသူ/သားတွေကို Daken Kramer Legacy ဆု ပေးအပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါကင်ဟာ အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်မှာ နေထိုင်သူပါ။

Ref: Missouri Fifth Grader Raises Over $7,000 To Erase School Meal Debt

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top