စပိန်နိုင်ငံမှာ အရေးပေါ်အခြေအနေ ပြန်ရုပ်သိမ်းပြီး ခရီးသည်တွေ လာရောက်ခွင့်ပြု

22-6-2020-yyl-008.jpg

စပိန်နိုင်ငံမှာ အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းလိုက်ပြီး ဥရောပနိုင်ငံအများစုရဲ့ ခရီးသည်တွေ လာရောက်နိုင်အောင် သူတို့ရဲ့နယ်စပ်တွေကို ပြန်ဖွင့်ပေးလိုက်ပါပြီ။ ဗြိတိန်နိုင်ငံကနေ လာရောက်မယ့် ခရီးသည်တွေလည်း အသွားအလာ ကန့်သတ်မှု ခံယူဖို့ မလိုအပ်တော့ပါဘူး။ စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ဖို့ ဥရောပတိုက်ရဲ့ အပြင်းထန်ဆုံး ပိတ်ဆို့မှုစည်းမျဉ်းတွေကို သုံးလကြာ ကျင့်သုံးခဲ့ပါတယ်။ ပိတ်ဆို့မှုစည်းမျဉ်းတွေ ဖြေလျှော့လိုက်ပေမဲ့ သန့်ရှင်းရေးထိန်းချုပ်မှုတွေကို အတိအကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က သတိပေးထားပါတယ်။ စပိန်နိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ ၂၉၃၃၅၂ ယောက်ရှိပြီး သေဆုံးသူ ၂၈၃၂၂ ရှိနေပါတယ်။

ပုံမှန်အားဖြင့် စပိန်နိုင်ငံကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာလှည့်ခရီးသည် သန်း ၈၀ လာရောက်လေ့ရှိပြီး ခရီးသွားလုပ်ငန်းက စပိန်နိုင်ငံ ကုန်ထုတ်လုပ်မှုပမာဏရဲ့ ၁၂ ရာခိုင်နှုန်းကျော်ရှိပါတယ်။ နွေရာသီမတိုင်ခင် အားလပ်ရက်အပန်းဖြေဈေးကွက် ပြန်ဖွင့်လှစ်ပေးရေးဟာ စပိန်နိုင်ငံ စီးပွားရေးအတွက် အဓိကအရေးပါတယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပေါ်တူဂီနိုင်ငံရဲ့ မေတ္တာရပ်ခံချက်အရ ပေါ်တူဂီနိုင်ငံနဲ့ ထိစပ်နေတဲ့ ကုန်းတွင်းနယ်စပ်ကို ဇူလိုင်လ ၁ ရက်အထိ ပိတ်ထားမှာဖြစ်ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top