ဂျပန်နိုင်ငံသမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတစ်ဦးကို လေကြောင်းလိုင်းဥက္ကဋ္ဌအဖြစ် တင်မြှောက်

18.1.24-yyl-1.jpg

ဂျပန်လေကြောင်းလိုင်းဟာ သူတို့ရဲ့လေယာဉ်မယ်ဟောင်းတစ်ဦးကို ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံသမိုင်းတစ်လျှောက် အမျိုးသမီးတစ်ဦးကို လေကြောင်းလိုင်းဥက္ကဋ္ဌအဖြစ် ပထမဆုံးအကြိမ် တင်မြှောက်မှု ဖြစ်ပါတယ်။

မစ်ဆုကို တော့တိုရီဟာ ၁၉၈၅ ခုနှစ်က ဂျပန်လေကြောင်းလိုင်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာတော့ လေယာဉ်မောင်/မယ်ဌာနကို ဦးစီးခွင့်ရခဲ့ပါတယ်။ သူဟာ ဂျပန်လေကြောင်းလိုင်းရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒါရိုက်တာအဖြစ် တာဝန်ယူထားရာကနေ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရတာဖြစ်ပြီး လာမယ့်ဧပြီလမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာပါ။

ဒါဟာ အာရှအရှေ့ပိုင်းဒေသ ကျား၊ မ တန်းတူညီမျှမှု အရှိဆုံးနိုင်ငံများစာရင်းမှာ အောက်ဆုံးနေရာ ရပ်တည်နေတဲ့ ဂျပန်နိုင်ငံအတွက် ကျား၊ မ တန်းတူညီမျှရေး မျှော်လင့်ချက်လမ်းစတစ်ခု ဖြစ်လာမယ်လို့ ယူဆထားကြပါတယ်။

Ref: Mitsuko Tottori becomes first woman president of airline in Japan

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top