အူရီဒူးမှ မြန်မာနိုင်ငံတွင် eSIM ကို စတင်ဝန်ဆောင်မှုပေးခြင်းဖြင့် အထင်ကရ မှတ်တိုင်သစ်တစ်ခုကိုစိုက်ထူ

18.1.24-yyl-3.jpg

နောက်ဆုံးပေါ် ဒစ်ဂျစ်တယ်နည်းပညာများဖြင့် သင့်ကမ္ဘာကိုအဆင့်မြှင့်တင်ပါ

ထိပ်တန်းနိုင်ငံတကာဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် အူရီဒူးသည် မြန်မာနိုင်ငံတွင် eSIM ဝန်ဆောင်မှုစတင်ပေးအပ်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူစွာဖြင့် ကြေညာလိုက်ပါသည်။ နောက်ဆုံးပေါ် ဆင်းကတ်နည်းပညာတစ်ခုဖြစ်သည့် eSIM သည် မြန်မာပြည်သူများအတွက် ဆက်သွယ်ရေးဝန်ဆောင်မှုအတွေ့အကြုံကို အဆင့်မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။ အူရီဒူး eSIM ကို နိုင်ငံပေါင်း ၁၁၈ နိုင်ငံတွင် International roaming ဝန်ဆောင်မှုဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

အူရီဒူးသုံးစွဲသူများအနေဖြင့် eSIM သို့ “အခမဲ့” အဆင့်မြှင့်တင်နိုင်မည်ဖြစ်သလို နံပါတ်သစ် ဝယ်ယူရာတွင်လည်း ထပ်တိုးကုန်ကျစရိတ်မရှိဘဲ ပုံမှန်ဆင်းကတ်နှုန်းထားအတိုင်း ဝယ်ယူရရှိ နိုင်မည်ဖြစ်ပါသည်။ နောက်ထပ်အားသာချက်တစ်ခုမှာ အူရီဒူး eSIM သို့ အဆင့်မြှင့်တင်ခြင်း (သို့) နံပါတ်သစ်ဝယ်ယူခြင်းတို့အတွက် အရောင်းဆိုင်သို့သွားစရာမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် လွယ်ကူလျှင်မြန်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ဆင်းကတ်များ၏ နောက်ဆုံးပေါ်ဒစ်ဂျစ်တယ်ပုံစံဖြစ်သည့် eSIM သည် တွဲဖက်အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်ကိရိယာများတွင် တိုက်ရိုက်ထည့်သွင်းထားသည့် အဆင့်မြင့်နည်းပညာတစ်ခုဖြစ်၍ ဆင်းကတ်ထည့်သွင်းရန်မလိုအပ်ဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် မြန်ဆန်ကောင်းမွန်သည့်ကွန်ရက်နှင့် ချောမွေ့စွာချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်သည်။

အူရီဒူးမြန်မာ၏ Acting CEO ဖြစ်သူ Mr. Chris Peirce က “အူရီဒူးအနေနဲ့ မြန်မာနိုင်ငံမှာ eSIM ဝန်ဆောင်မှုကို စတင်ပေးအပ်နိုင်လို့ ဝမ်းသာပါတယ်။ အများပြည်သူရဲ့ ဒစ်ဂျစ်တယ်ဘဝတွေ ပိုမိုပြည့်စုံကောင်းမွန်လာစေဖို့ဆိုတဲ့ ကျွန်ုပ်တို့ရဲ့မျှော်မှန်းချက်နဲ့အညီ သုံးစွဲသူတွေ ပိုမိုလိုအပ်လာတဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေကို အဆင်ပြေချောမွေ့စွာအသုံးပြုနိုင်ဖို့ ကောင်းမွန်တဲ့ချိတ်ဆက်မှုဖြင့် ဝန်ဆောင်မှုများပေးအပ်လျက်ရှိပါတယ်။ အူရီဒူးအနေနဲ့ မြန်မာပြည်သူတွေအတွက် နောက်ဆုံးပေါ် ခေတ်မီဒစ်ဂျစ်တယ်နည်းပညာများဖြင့် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အကျိုးရှိတဲ့ ဒစ်ဂျစ်တယ်အတွေ့အကြုံများကို အဆင်ပြေချောမွေ့စွာရရှိခံစားနိုင်အောင် ပံ့ပိုးပေးခြင်းဖြင့် မြန်မာနိုင်ငံအနှံ့အပြားမှာ ခေတ်မီတိုးတက်တဲ့ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲဖော်ဆောင်လျက် ရှိပါတယ်။ eSIM နည်းပညာကိုထောက်ပံ့ပေးနိုင်တဲ့ ခေတ်မီမိုဘိုင်းလ်ကိရိယာတွေပိုမို များပြားလာတာနဲ့အညီ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မြင့်နည်းပညာဖြစ်တဲ့ eSIM ဝန်ဆောင်မှုကို မိတ်ဆက်ပြီး မြန်မာပြည်သူတွေရဲ့လူနေမှုဘဝတွေ ပိုမိုအဆင့်မြှင့်တင်ပေးနိုင်အောင် ပံ့ပိုးပေးသွားမယ်ဆိုတဲ့ အူရီဒူးရဲ့ကတိကို ဆက်လက်ဖြည့်ဆည်းနိုင်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။” ဟု ပြောကြားသည်။

eSIM သည် ဒစ်ဂျစ်တယ်ဗားရှင်းဖြစ်သည့်အတွက် ဆင်းကတ်ထည့်သွင်းရန်နေရာသီးသန့်မလိုအပ်ပါ။ သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းဖုန်းများတွင် eSIM အသုံးပြုနိုင်ခြင်း ရှိ/မရှိ သာ စစ်ဆေးရန်လိုအပ်ပြီး လွယ်ကူရိုးရှင်းသောနည်းလမ်းများဖြင့် ထည့်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။
အူရီဒူး၏ eSIM သည် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့်အကျိုးကျေးဇူးများစွာကို ဆောင်ယူလာပေးပါသည်။

၁။ အူရီဒူး၏ ဒစ်ဂျစ်တယ်ချန်နယ်များတွင် အလွယ်တကူရရှိနိုင်မည်

အူရီဒူးမှ ဒစ်ဂျစ်တယ်ချန်နယ်များဖြစ်သည့် Ooredoo SuperApp နှင့် ဝဘ်ဆိုဒ်တို့မှတစ်ဆင့် အူရီဒူး eSIM ကို လွယ်ကူရိုးရှင်းသည့်နည်းလမ်းများဖြင့် ရယူအသုံးပြုနိုင်အောင် ဆောင်ရွက်ပေးထားသည်။ eSIM အသုံးပြုလိုသူတိုင်း ၎င်းဒစ်ဂျစ်တယ်ချန်နယ်လ်များမှတစ်ဆင့် activate ပြုလုပ်ရန် QR ကုဒ်ကို အချိန်နှင့်နေရာမရွေးရယူ scan ဖတ်ပြီး လွယ်ကူရိုးရှင်းစွာ အသက်သွင်းအသုံးပြုနိုင်မည် ဖြစ်သည်။

၂။ ကလစ်အနည်းငယ်နှိပ်ရုံဖြင့် ဆင်းကတ်များအလွယ်တကူပြောင်းလဲအသုံးပြုနိုင်မည်

ပုံမှန် eSIM အသုံးပြုနိုင်သည့် မိုဘိုင်းဖုန်းများသည် eSIMs ၅ ခုမှ ၈ ခုကြား သိမ်းဆည်းထားနိုင်သည့်အတွက် ၎င်းတို့အနက် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲအသုံးပြုခြင်းသည် ဖုန်းပေါ်တွင် ကလစ်အနည်းငယ်နှိပ်ရုံမျှသာဖြစ်သည်။ ၎င်းကဲ့သို့ နံပါတ်တစ်ခုမှတစ်ခုသို့ ပြောင်းလဲ အသုံးပြုခြင်းကိုလည်း အချိန်မရွေး ချက်ချင်းလုပ်ဆောင်နိုင်မည်ဖြစ်သည်။

၃။ eSIM သည် ခရီးသွားများအတွက်လည်း အထူးအသုံးဝင်သည်

eSIM သည် နိုင်ငံရပ်ခြားသို့ အကြောင်းအမျိုးမျိုးဖြင့် မကြာခဏ ခရီးသွားရသူများအတွက်လည်း အထူးအသုံးဝင်သည်။ တခြားနိုင်ငံသို့ သွားရောက်တိုင်း ဆင်းကတ်များလဲလှည့်ထည့်သွင်းစရာမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့်ပင် သက်ဆိုင်ရာနိုင်ငံရှိ အော်ပရေတာ၏ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အလွယ်တကူရယူ ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ဆင်းကတ်ပျောက်မည်ကို စိုးရိမ်ပူပန်စရာမလိုဘဲ ပိုမိုအဆင်ပြေချောမွေ့သည့် ခရီးသွားအတွေ့အကြုံကို ရရှိခံစားနိုင်မည် ဖြစ်သည်။

၄။ အချိန်ကုန်၊ ငွေကုန် သက်သာစေသည်

အူရီဒူးမြန်မာသည် eSIM သို့ အဆင့်မြှင့်တင်ရန် ( သို့ ) eSIM နံပါတ်အသစ် ဝယ်ယူအသုံးပြုရန် ဒစ်ဂျစ်တယ်ချန်နယ်များဖြင့် ဆောင်ရွက်ပေးထားသည့်အတွက် သုံးစွဲသူများအနေဖြင့် အချိန်ယူ၍ စတိုးဆိုင်သို့သွားရောက်စရာမလိုဘဲ မိမိတို့၏မိုဘိုင်းလ်ဖုန်းဖြင့်ပင် အလွယ်တကူပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့မျှမက သုံးစွဲသူများအနေဖြင့် eSIM သို့ “အခမဲ့” အဆင့်မြှင့်တင်နိုင်မည် ဖြစ်သလို နံပါတ်သစ်ဝယ်ယူရာတွင်လည်း ပုံမှန်ဆင်းကတ်နှုန်းထားအတိုင်း ထပ်တိုး ကုန်ကျစရိတ်မရှိဘဲ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

၅။ ဟန်းဆက်များစွာ အသုံးပြုရန်မလိုအပ်ဘဲ ပိုမိုအဆင်ပြေစေမည်

သာမန်ဟန်းဆက်များသည် ဆင်းကတ်ထည့်သွင်းရန် နေရာတစ်ခု (သို့) နှစ်ခုသာပါရှိသည်။ ဖုန်းနံပါတ်များပိုမိုအသုံးပြုလိုပါက ဟန်းဆက်များထပ်မံ ဝယ်ယူရသည်။ ဖုန်းများစွာကိုင်ဆောင် ရသည့်အတွက် အသုံးပြုသူအတွက်လည်း ကိုင်ရခက်၍အဆင်မပြေပါ။ eSIM မှာ ဖုန်းတစ်လုံးတည်းတွင် ၅ ခုမှ ၈ ခု သိမ်းဆည်းနိုင်သည့်အတွက် ဟန်းဆက်များစွာ ဝယ်ယူအသုံးပြုနေစရာမလိုဘဲ သုံးစွဲသူအတွက် ငွေကြေးအကုန်အကျသက်သာစေ၍ ပိုမိုအဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

အူရီဒူး eSIM အသုံးပြုလိုသူများအနေဖြင့် Ooredoo SuperApp နှင့် ဝဘ်ဆိုက်ကဲ့သို့ ဒစ်ဂျစ်တယ်ချန်နယ်များဖြင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူရိုးရှင်းစွာ အဆင့်မြှင့်တင်အသုံးပြု နိုင်သလို အူရီဒူး Call Center သို့ ဆက်သွယ်၍သော်လည်းကောင်း၊ အူရီဒူးအရောင်းဆိုင်များသို့ သွားရောက်၍သော်လည်းကောင်း ရရှိနိုင်မည်ဖြစ်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top