အိပ်နေစဉ် ကိုယ်အလေးချိန် ကျစေမယ့် နည်းလမ်း (၈) သွယ်

beautiful-woman-sleeping-in-her-bed-at-night-PCRLJCM.jpg

ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးတာက ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဝိတ်ချနည်းဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမယ့် နေ့တိုင်းသာ လေ့ကျင့်ခန်း မလုပ်ဘဲ နေရင်နေမယ်။ နေ့တိုင်းတော့ အိပ်ကြတယ် မဟုတ်လား။

ဒါဆို အိပ်စက်နေချိန်မှာ ဝိတ်ကျစေမယ် နည်းလမ်းလေးတွေ ရှာဖွေကြည့်ကြရင် မကောင်းဘူးလား။ ပြောပြမယ်နော်…

ပရိုတိန်းဓာတ် ဖြည့်တင်းပါ

အိပ်ရာမဝင်ခင်မှာ ပရိုတိန်း ၃၀ ဂရမ်ပါတဲ့ ဖျော်ရည်တစ်ခု သောက်ပါ။ အိပ်စက်နေစဉ်အတွင်း ကယ်လိုရီတွေကို လောင်ကျွမ်းစေမှာဖြစ်ကြောင်း သုတေတနအရ အတည်ပြုထားပါတယ်။ ပရိုတိန်းဟာ ကြွက်သား နာကျင် ကိုက်ခဲတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ကြွက်သားပိုများလေလေ ကယ်လိုရီတွေကို ပိုလောင်ကျွမ်းစေတာပါပဲ။

ညစာကို တတ်နိုင်သမျှ အနည်းဆုံးသာစားပါ

ညစာကို အများကြီးစားမိတဲ့အခါ အိပ်စက်စဉ် ဦးနှောက်က ထွက်လာတဲ့ ကြီးထွား ဟော်မုန်းတွေဟာ အစာပိုတွေကို အဆီအဖြစ် ခန္ဓာကိုယ်မှာ စုပစ်လိုက်ပါတယ်။ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အိပ်ခါနီး အရက်မသောက်ပါနဲ့

အရက်ရဲ့ အယ်လ်ကိုဟော သတ္တိဟာ လူကို အနှစ်ခြိုက်ဆုံး အိပ်စက်စေမယ့်အဆင့် (REM) ကို မရောက်အောင် တားဆီးပစ်တာပါ။ အဲ့ဒီ အိပ်စက်ခြင်း အဆင့်မှာသာ ခန္ဓာကိုယ်က အဆီတွေကို လောင်ကျွမ်းပစ်တာပါ။ ညဘက် ဝိုင်တစ်ခွက်လောက်က ကိစ္စမရှိပေမယ့် အိပ်ချိန်မတိုင်မီ သုံးနာရီအတွင်းတော့ အရက်ကို မသောက်ဖြစ်အောင် ရှောင်ပါ။

အိပ်ချိန် သတ်သတ်မှတ်မှတ်ထားပါ

အိပ်စက်ချိန် နှစ်နှစ်ခြိုက်ခြိုက် အိပ်တတ်တဲ့သူတွေဟာ အိပ်စက်ချိန် ကောင်းကောင်း မရတဲ့သူတွေထက် အစာစားပြီးချိန်တိုင်းမှာ ကယ်လိုရီတွေကို ၂၀ ရာနှုန်း ပိုလောင်ကျွမ်းစေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှာ တီဗီ၊ ဖုန်းတွေနဲ့ ဝေးဝေးနေပြီး နှစ်ခြိုက်အောင် အိပ်ပါ။ တီဗီနဲ့ ဖုန်းက ထွက်တဲ့ အလင်းတွေဟာ အိပ်စက်ခြင်းကို အထောက်အကူပြုတဲ့ Melatonin ဟော်မုန်း ထွက်ရှိမှုကို အဟန်ု့အတား ဖြစ်စေတာကြောင့်ပါပဲ။ နောက်တစ်ချက် စခရင် အလင်းတွေဟာ ဦးနှောက်ကို ညဘက် မဟုတ်သေးကြောင်း သတင်းပို့နေသလို ဖြစ်စေပါတယ်။

အိပ်ရာမဝင်ခင် လေ့ကျင့်ခန်း မလုပ်ပါနဲ့

လေ့ကျင့်ခန်းဟာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို နှိုးဆွပေးတာပါ။ အိပ်ခါနီးလုပ်မိရင်တော့ အိပ်ပျော်ဖို့ မလွယ်တော့ပါဘူး။ မနက်ဘက် မအားလို့ ညဘက်မှ လေ့ကျင့်ခန်း လုပ်ချင်ရင်တော့ အိပ်ရာဝင်ချိန်နဲ့ လေးနာရီခြားပြီး လုပ်ပါ။

အေးမြတဲ့ အခန်းထဲမှာ အိပ်စက်ပါ

အေးမြတဲ့အခန်းထဲ အိပ်စက်သူတွေဟာ အပူဓာတ်ရှိတဲ့ အခန်းထဲ အိပ်စက်သူတွေထက် ၇၅ ကယ်လိုရီ ပိုလောင်ကျွမ်းစေပါတယ်။

မီးပိတ်အမှောင်ချပြီး အိပ်ပါ

အမှောင်ထုဟာ ဦးနှောက်ကထွက်လာမယ့် အိပ်စက် ဟော်မုန်းတွေကို အရမ်းအားပေးပါတယ်။ အိပ်လို့ အရမ်းကောင်းစေမှာပါ။

ကိုယ်လုံးတီးအိပ်စက်ပါ

ဒီအချက်က ထူးဆန်းနေမလားပဲ။ တကယ်တော့ ကိုယ်လုံးတီးချွတ် အိပ်တာက အကျိုးအများကြီးရှိတယ်။ ခန္ဓာကိုယ်က အပူချိန်ကျလာပြီး အဆီပိုတွေ လောင်ကျွမ်းသွားစေပါတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့ ကျန်းမာစေတဲ့ လိုအပ်အဆီတွေကို ခန္ဓာကိုယ်တွင်း ထိန်းသိမ်းထားပေးတာကြောင့်ပါပဲ။

Ref: Brightside “9 Things That Can Help You Lose Weight While Sleeping”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top