MIT ရဲ့ ဖောက်ထွင်းမြင်နိုင်တဲ့ နည်းပညာသစ်

172867_web.jpg

MITရဲ့ ကွန်ပျူတာသိပ္ပံနဲ့ ဉာဏ်ရည်တုဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ခန်းဟာ နံရံကို ဖောက်ထွင်းမြင်နိုင်တဲ့ နည်းပညာသစ်တစ်ခုကို တီထွင်လိုက်ပါတယ်။ ဒီနည်းပညာက နံရံကို ဖောက်ပြီး သင့်ခန္ဓာကိုယ် လှုပ်ရှားမှုတွေကို တွေ့မြင်နိုင်တယ်လို့ ဆိုပါတယ်။

ရေဒီယိုကြိမ်နှုန်းလှိုင်း (radio frequency) ထုတ်လွှင့်ပြီး သင့်ပုံရိပ်ကို ဖမ်းယူကာ ထိုပုံရိပ်ကို တုတ်ချောင်းပုံစံအဖြစ် ပြန်လည်ပုံဖော်ပေးတယ်လို့ သိရပါတယ်။ ၎င်းပုံရိပ် ကို RF-Pose လို့ နာမည်ပေးထားပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် ဒီနည်းပညာကို အသုံးပြုဖို့ စိတ်ဝင်စားနေကြတယ်လို့လည်း သိရပါတယ်။

“ဒီနည်းပညာက စုဆောင်းရရှိထားတဲ့ စမ်းသပ်ခံရသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို encrypt လုပ်ပြီး လုံခြုံမှု အပြည့်ပေးထားပါတယ်။ အနာဂတ်မှာတော့ ဒီစက် တပ်ထားသူက သူ့ပတ်ဝန်းကျင်ရဲ့ လှုပ်ရှားမှုတိုင်းကို အလွယ်တကူ ကြည့်ရှုနိုင်တော့မှာပါ” ဆိုပြီး တီထွင်သူတွေက ပြောထားပါတယ်။

ရေဒီယိုကြိမ်နှုန်းလှိုင်းတွေက ရှေ့လမ်းလျှောက်နေတဲ့ လူတစ်ဦးရဲ့ ဗီဒီယိုကို ပြသပြီး ဒီနည်းပညာကို တိုးတက်လာအောင် လေ့ကျင့်ပေးခဲ့တယ်လို့ ပြောပါတယ်။ ဖမ်းယူရရှိတဲ့ လှုပ်ရှားမှုပုံရိပ်အတိုင်း ထိုပုံရိပ်ပေါ်မှာ တုတ်ချောင်းပုံစံကို အလိုအလျောက် လိုက်လုပ်စေပါတယ်။

ရေဒီယိုကြိမ်နှုန်း အာရုံခံလှိုင်းတွေက တခြားသော အာရုံခံနည်းပညာတွေထက် အလွယ်တကူ ရှာဖွေ အသုံးပြုနိုင်တယ်ဆိုပြီးလည်း ပြောကြားထားပါသေးတယ်။ ထူးဆန်းတာတစ်ခုကတော့ တီထွင်တဲ့သူတွေဟာ ဒီနည်းပညာက နံရံကို ဖောက်မြင်နိုင်လားဆိုတာ တစ်ခါမှ မစမ်းသပ်ခဲ့ပေမယ့် နံရံကို ဖောက်မြင်နိုင်စွမ်း ရှိနေတာပါပဲ။

ကွန်ပျူတာရဲ့ အမြင်ပိုင်းဆိုင်ရာ အလုပ် လုပ်ပုံကို ဆရာတစ်ယောက်အဖြစ် ယူဆလိုက်ပြီး ဒီနည်းပညာကို တပည့်အဖြစ် ယူဆမယ်ဆိုရင် ဒါက “ဆရာထက် တပည့် လက်စောင်း ထက်တယ်”ဆိုတဲ့ စကားပုံလိုပဲလို့ တီထွင်သူ အန်တိုနီယို တာရယ်လ်ဘာ (Antonio Torralba) က ပြောခဲ့ပါတယ်။ ဒီနည်းပညာကို တခြားသော စီးပွားရေးလုပ်ငန်းတွေမှာ သိပ်မကြာခင် အသုံးပြုလာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

Ref: TechCrunch “New technology can see your body through walls”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top