Suzy ကိုအမှန်တကယ်ချစ်မိသွားခဲ့တယ်လို့ဝန်ခံလိုက်တဲ့ Lee Jong Suk

l.jpg

Lee Jong Suk နှင့် Suzy တို့နှစ်ဦးသားလိုက်ဖက်ညီမှုက “While you weresleeping” ဇာတ်လမ်းတွဲမှာ သာမက အပြင်လက်တွေ့မှာလည်း ထင်ဟပ်လို့နေပါတယ်။

ဇာတ်လမ်းတွဲပြီးသွားတာတောင်မှ လူတိုင်းက သူတို့စုံတွဲကိုကိုအားကျပြီး မနာလိုဖြစ်အောင် ဖန်တီးနိုင်ခဲ့ပါတယ်။

Nam Hong Joo နှင့် Jung Jae Chan အဖြစ်ပီပြင်စွာသရုပ်ဆောင်ပြီး SBS ကချီးမြှင့်တဲ့ ၂၀၁၇ ရဲ့ အကောင်းဆုံး စုံတွဲဆုကို Suzy နှင့် Lee JongSukတို့နှစ်ဦးရရှိခဲ့ပါတယ်။ ဆုလက်ခံရယူပြီးလို့ကျေးဇူးတင် စကားပြောကြားချိန်မှာလည်း တစ်ယောက်နဲ့ တစ်ယောက် သရုပ်ဆောင် ပီပြင်ခဲ့မှုကို အပြန်အလှန် ချီးကျူးစကားပြောခဲ့ကြပါတယ်။ အစီအစဉ်တင်ဆက်သူ Shin Dong Yup က စနောက်တဲ့နေနဲ့ သူတို့နှစ်ဦး ဇာတ်လမ်းတွဲရိုက်ကူးစဉ်က အပြန်အလှန် ခံစားချက်ကိုမေးမြန်းခဲ့ပါတယ်။

Shing Dong Yup : “မင်းတို့နှစ်ယောက်ကျရာအခန်းကိုဈာန်ဝင်အောင်သရုပ်ဆောင်တဲ့နေရာမှာ နည်းနည်းလောက်ပဲဖြစ်ဖြစ် မချစ်မိသွားကြဘူးလား?”
Lee Jong Suk : “ Suzy က ကိုရီးယားမှာ အလှဆုံးမိန်းကလေးပါ။ကျွန်တော်က အချိန်တိုင်းသူ့ကို ချစ်မိနေတာဗျ”
Suzy: “Jong Suk oppa က အရမ်းကြည့်ကောင်းလို့ ကျွန်မ ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့တာပါ။
စင်နောက်ဘက်ကိုဆင်းသွားချိန်မှာလည်း သူတို့နှစ်ဦး လိုက်ဖက်ညီကြောင်းSMEntertainmentသတင်းကဆက်လက်ဖော်ပြပေးပါတယ်။ သူတို့နှစ်ယောက်ဆုရရှိတဲ့အတွက် ရင်တွင်းစကား မေးချိန်မှာလည်း သူတို့နှစ်ဦးက ချစ်သူတွေလိုမျိုး အပြန်အလှန်စနောက်နေခဲ့ကြပါတယ်။
Suzy : “ Jong Suk oppa က ဆွဲဆောင်မှုရှိတဲ့နတ်သားလေးဖြစ်ရမယ်”
Lee Jong Suk : “မင်းသောက်များသောက်ထားလေသလား”

ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက်အရမ်းရင်းနှီးနေကြတော့ အကောင်းဆုံးစုံတွဲဆုကိုရခဲ့တာ အံ့ဩစရာမရှိပါဘူးလို့ပဲဆိုရပါတော့မယ်။

Ref: Koreaboo: Lee Jong Suk Admits He Actually Fell In Love With Suzy

May Moe (ရိုးရာလေး) 

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top