သားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ ကန္တာရထဲမှာ တောအုပ် ဖန်တီးနေတဲ့မိခင်

11.4.2023-yyl-iamge-4.jpg

သားဖြစ်သူရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက် တရုတ်နိုင်ငံက အမျိုးသမီးကြီးတစ်ဦးဟာ ကန္တာရထဲမှာ သစ်ပင် ၂ သန်းကျော် စိုက်ပျိုးခဲ့ပါတယ်။ တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုလီးယားအတွင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ အယ်ဆာသဲကန္တာရထဲမှာ သစ်ပင်တွေ စိုက်ပျိုးခဲ့တာပါ။

ယီကျားဖန်ရဲ့သား ယန်ရွေကျဲက ဂျပန်နိုင်ငံမှာ တက္ကသိုလ်တက်နေရင်း လမ်းမတော်တဆမှုကြောင့် ၂၀၀၀ ပြည့်နှစ်မှာ ကွယ်လွန်သွားခဲ့တာပါ။ ”ဘွဲ့ရပြီးရင် အိမ်ကို ပြန်လာပြီး သစ်ပင်တွေ စိုက်မယ်။ သစ်တောတစ်အုပ် ဖန်တီးချင်တယ်လို့ သားလေးက ကျွန်မကို ပြောခဲ့ဖူးပါတယ်” လို့ ယီကျားဖန်က ဆိုပါတယ်။ ယီကျားဖန်ဟာ ကြီးမားလွန်းတဲ့ အယ်ဆာသဲကန္တာရထဲမှာ ၈.၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းတဲ့ သစ်တောတစ်အုပ် ဖန်တီးဖို့ ရည်မှန်းထားသူပါ။

Ref: Mom plants 2 million trees in desert to fulfill son’s last wish

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top