၂၀၂၁ခုနှစ်မှာ ပြန်ပြီး ခေတ်စားလာတဲ့ မျောက်မြီးပုံစံမုတ်ဆိတ်မွေး

18-1-2021-yyl-07.jpg

ကပ်ရောဂါအတွင်း အိမ်တွင်းအောင်းနေရတဲ့အချိန် လူတော်တော်များများက ဝါသနာအသစ်တွေလည်း ရှိလာပြီး အရင်က မလုပ်ဖူးတဲ့အရာတွေလည်း လုပ်ဖြစ်လာကြပါတယ်။ တချို့ဆိုရင် ကပ်ရောဂါအတွင်း ငြီးငွေ့လာတော့ သူတို့ရဲ့ဆံပင်တွေကို အရောင်ဆိုးဖြစ်လာကြပါတယ်။ တချို့ဆိုရင် အရင်ကမထားခဲ့ဖူးတဲ့ ဆံပင်အရှည်ကြီးလည်း ထားဖြစ်လာကြပါတယ်။ အမျိုးသားတွေဆိုရင် မုတ်ဆိတ်မွေးအရှည်ထားလာကြပါတယ်။ အခု ၂၀၂၁ခုနှစ်မှာ ပြန်ပြီးခေတ်စားလာတာကတော့ မျောက်မြီးပုံစံမုတ်ဆိတ်မွေးပါပဲ။

အမေရိကန်နိုင်ငံလို နိုင်ငံခြားက အမျိုးသားတွေအတွက် ဒီမုတ်ဆိတ်မွေးပုံစံပုံဖော်ရတာ အဆင်ပြေပါတယ်။ သူတို့အများစုမှာ ပါးသိုင်းမွေးပါကြတာများပါတယ်။ မြန်မာနိုင်ငံက တချို့အမျိုးသားတွေမှာလည်း ပါးသိုင်းမွေးပါကြပါတယ်။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေးတို့ကို အရှည်ထားပြီးမှ မျောက်မြီးပုံစံပုံဖော်ရတာဖြစ်တဲ့အတွက် ပါးသိုင်းမွေးပါတဲ့အမျိုးသားတွေအတွက် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။ ဒီမုတ်ဆိတ်မွေးပုံစံကို ၂၀၁၉ခုနှစ်တုန်းကလည်း မြင်တွေ့ခဲ့ဖူးပါတယ်။ အဲဒီတုန်းက MLB ဘေ့စ်ဘော ကစားသမား မိုက် ဖီအာစ် (Mike Fiers)ကို ဒီမုတ်ဆိတ်မွေးပုံစံထားခဲ့တာပါ။ သူ့ရဲ့မျောက်မြီးမုတ်ဆိတ်မွေးစတိုင်က သူ့ရဲ့အသင်းသားတွေကိုတောင် ရယ်မောစေခဲ့ပါတယ်။

သူ့ရဲ့မုတ်ဆိတ်မွေးက အသင်းသားတွေကို ရယ်မောစေခဲ့ပေမဲ့ မကြာခင်မှာပဲ လူမှုကွန်ယက်ပေါ်မှာ သူ့ရဲ့စတိုင်က ခေတ်စားသွားခဲ့ပါတယ်။ တချို့လူတွေက သူ့အတိုင်း မျောက်မြီးပုံစံမုတ်ဆိတ်မွေးကို ထားခဲ့ကြပါသေးတယ်။ အခု ၂၀၂၁ခုနှစ်မှာလည်း ဒီမုတ်ဆိတ်မွေးစတိုင်က ပြန်ခေတ်စားလာတော့မှာပါ။ အမျိုးသားတော်တော်များများက ဒီမုတ်ဆိတ်မွေးပုံစံကို ထားနေကြလို့ပါပဲ။
မျောက်မြီးပုံစံမုတ်ဆိတ်မွေးစတိုင်တွေက လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါပြီ။ လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက “၂၀၂၁ခုနှစ်မှာ အမျိုးသားတွေကြား ခေတ်စားမယ့် မုတ်ဆိတ်မွေးစတိုင်ပဲ”လို့ ဆိုပါတယ်။ တချို့ကတော့ ဒီပုံစံက ဆံပင်စတိုင်လစ်အမှားလုပ်မိတာ။ ဒါပေမဲ့ ဖက်ရှင်အသစ်အဆန်းလို့ဖြစ်သွားတယ်။ အမှားကနေ သင်ယူပါဆိုတာကို ပြန်ပြီး အဓိပ္ပာယ်ဖွင့်ဆိုသင့်တယ်လို့ ဆိုကြပါတယ်။

အခုဆိုရင် လူမှုကွန်ယက်ပေါ်မှာ အခုနှစ်မှာ မျောက်မြီးပုံစံမုတ်ဆိတ်မွေးနဲ့ အပြတ်လန်းသင့်ပြီ ဆိုတဲ့ ရေးသားချက်အပါအဝင် ရေးသားမှုမျိုးစုံနဲ့ မျောက်မြီးမုတ်ဆိတ်မွေးပုံတွေ ပျံ့နှံ့ခေတ်စားလို့နေပါတယ်။

Ref: Ladbible “Monkey Tail Beard Has Become The New Facial Trend Of 2021”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top