ဆင်တွေက ရေကို ၁၂ မိုင်အကွာကနေ အနံ့ခံနိုင်စွမ်းရှိ

elephant.jpg

ဆင်တွေဟာ အနံ့ခံနိုင်စွမ်း အလွန်အားကောင်းပြီး ရေအရင်းအမြစ်ရှိရာနေရာကို ၁၂ မိုင်အကွာကနေ အနံ့ခံနိုင်စွမ်း ရှိပါတယ်။ ဆင်တွေဟာ ရေထဲမှာပါဝင်တဲ့ geosmin (ဂျီအိုစမင်း) နဲ့ dimethyl sulphide( ဒိုင်မန်သီဆာလ်ဖိုက်)တို့လို ရေထဲမှာ ပါဝင်တဲ့ အမှုန်တွေကို အနံ့ခံနိုင်စွမ်းရှိကြောင်း အမေရိကန်နိုင်ငံ အမျိုးသားကျန်းမာရေးသိပ္ပံမှ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့တာပါ။

ဆင်တွေရဲ့ အနံ့ခံနိုင်စွမ်းဟာ ရေရှားပါး ပြတ်လပ်တဲ့ နွေရာသီမှာ သူတို့ အသက်ရှင်သန်နိုင်ရေးအတွက် အလွန်အရေးပါတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ပါတယ်။ ဆင်နှာမောင်းထဲမှာ ပါဝင်တဲ့ အနံ့ခံဆဲလ် သန်းပေါင်းများစွာက ဦးနှောက်ကို အချက်ပြတာပါ။ ဆင်တွေဟာ အနံ့ခံကောင်းတဲ့ ခွေးမျိုးစိတ်တွေ အပါအဝင် တိရစ္ဆာန်မျိုးစိတ် အများစုထဲမှာ အနံ့ခံဆဲလ် အများဆုံးပါဝင်တဲ့ တိရစ္ဆာန်တစ်ကောင် ဖြစ်ပါတယ်။

Ref: More about elephants

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top