အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာ

9-7-2020-yyl-008.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက်မှုစံချိန်တင်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၁၀၀၀ ကျော်ရှိခဲ့ပါတယ်။

ရောဂါကူးစက်မှုတွေ မြင့်တက်နေပေမဲ့ အိမ်ဖြူတော်ကတော့ ကျောင်းတွေအပါအဝင် ပိတ်ထားတဲ့အဆောက်အအုံတွေကို ပြန်လည်ဖွင့်လှစ်ဖို့ တွန်းအားပေးနေပါတယ်။ အိမ်ဖြူတော်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တွန်းလှန်တိုက်ဖျက်ရေးအဖွဲ့ကို ဦးဆောင်နေတဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်ကတော့ စည်းမျဉ်းတွေကို မတင်းကြပ်သင့်ဘူးလို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားနဲ့ တက္ကဆက်ပြည်နယ်တွေမှာတော့ နေ့စဉ် ရောဂါကူးစက်မှုသစ် ၁၀၀၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်းမှာ ဒူးလောက်အနက်အထိ ရှိနေတုန်းပဲလို့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာအန်သိုနီဖောစီက ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top