မြေဆီလွှာစမ်းသပ်ကိရိယာကို တီထွင်ဖန်တီးခဲ့လို့ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ ကလေး (၃) ဦး

9-7-2020-yyl-005.jpg

မလေးရှားနိုင်ငံက ကလေး (၃) ဦးဟာ International Invention Innovation Competition မှာ မြေဆီလွှာစမ်းသပ်ကိရိယာကို တီထွင်ခဲ့တာကြောင့် ရွှေတံဆိပ်ဆု (၃) ဆုရရှိကာ နောက်ဆုံးအဆင့်ကို တက်လှမ်းရတော့မှာဖြစ်ပါတယ်။ ဒီမြေဆီလွှာ စမ်းသပ်ကိရိယာကို လူငယ်သုတေသနပညာရှင်တွေဖြစ်တဲ့ မာဟာဂါနာပါသီ (၁၀နှစ်)၊ ကာဗီရှာ နာဂါရာဂျန် (၁၁နှစ်)၊ ကေအိုင်လက်ချ် ဆာရာဗာနန် (၁၁နှစ်) တို့က တီထွင်ခဲ့တာဖြစ်ပါတယ်။ သူတို့က ကွန်ပျူတာဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အယူအဆတွေပေါင်းစပ်ပြီး ဘယ်လိုမြေဆီလွှာမှာ ဘယ်သီးနှံပင်စိုက်ပျိုးရင် အကောင်းဆုံးြဖစ်မလဲဆိုတာ ဆုံးဖြတ်ပေးနိုင်မယ့်ကိရိယာကို ဖန်တီးခဲ့တာပါ။

COVID-19 ကပ်ရောဂါကြောင့် ဒီကျောင်းသား/သူလေးတွေက ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ သူတို့ရဲ့တီထွင်ဖန်တီးမှုကို ကိုယ်တိုင်သွားရောက်ကာ ပြသခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ပြိုင်ပွဲအတွင်း အွန်လိုင်းကနေတဆင့်ပဲ သူတို့ရဲ့ဖန်တီးမှုကို တင်ဆက်ပြသခဲ့ရပါတယ်။ သူတို့(၃) ဦးက ကိရိယာတီထွင်ဖို့အတွက် Google Meet သုံးပြီး ဆွေးနွေးတိုင်ပင်ဖြစ်ကြပါတယ်။ ဒါမှ စိတ်ကူးအကြံဉာဏ်တွေကို တစ်စုတစ်စည်းတည်း စီစဉ်ဆွဲပြီး ပုံဖော်နိုင်မှာဖြစ်ပါတယ်။


သူတို့ရဲ့တီထွင်မှုက နောက်ဆုံးအဆင့်ရောက်ဖို့အတွက် တီထွင်မှု (၅၀၀) ထဲက တစ်ခုဖြစ်ပါတယ်။ အဖွဲ့ခေါင်းဆောင် ကေအိုင်လက်ချ်က သူတို့ပိုင်ဆိုင်ထားတဲ့ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ ကျွမ်းကျင်မှုတွေက ဒီကိရိယာကို အကောင်အထည်ဖော်စေနိုင်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

သြဂုတ်လ ၂၉ ရက်မှာ ကျင်းပမယ့် နောက်ဆုံးအဆင့်ပြိုင်ပွဲမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ကြသူတွေကို အွန်လိုင်းကနေပဲ အကဲဖြတ်စမ်းသပ်သွားမှာဖြစ်ပါတယ်။

Ref: Three Young Malaysians Win Gold Medals at International Event For Creating A Soil Invention Tool

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top