ဟောင်ကောင်မြို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်

9-7-2020-yyl-009.jpg

ဟောင်ကောင်မြို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းတွေမှာ နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ တားမြစ်လိုက်ပြီလို့ ဟောင်ကောင်မြို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံရေး သီချင်းဆိုတာ၊ စာတန်းတွေ ကိုင်ဆောင်ဖော်ပြတာ၊ အတန်းချိန်မတက်ဘဲ သပိတ်မှောက်တာ စတဲ့လုပ်ရပ်တွေလည်း တားမြစ်ချက်ထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေမှာ ကျောင်းသား၊ ကျောင်းသူထောင်ချီ ပါဝင်ခဲ့ပါတယ်။ ဆူပူအုံကြွတဲ့ ဆန္ဒပြပွဲတွေမှာ ပူးပေါင်းပါဝင်လို့ ဖမ်းဆီးခံရတဲ့ ကျောင်းသား၊ ကျောင်းသူ ၁,၆၀၀ လောက် ရှိပါတယ်။

စာသင်ကျောင်းတွေမှာ ကျောင်းသား၊ ကျောင်းသူတွေက တရုတ်နိုင်ငံတော်သီချင်းမဆိုဘဲ ဟောင်ကောင်မြို့ဂုဏ်ကျက်သရေ (Glory To Hong Kong)ဆိုတဲ့ သီချင်းသီဆိုပြီး ဆန္ဒပြခဲ့ကြပါတယ်။ စာသင်ကျောင်းတွေအနေနဲ့ အဲဒီလိုဆန္ဒထုတ်ဖော်မှုတွေကို ပိတ်ပင်တားဆီးရမယ်လို့ ဟောင်ကောင်မြို့ပညာရေးဝန်ကြီး ကီဗင်ယန်းက ပြောပါတယ်။ ဟောင်ကောင်မြို့မှာ တရုတ်အမျိုးသားလုံခြုံရေးရုံးသစ် ဖွင့်လှစ်တဲ့နေ့မှာပဲ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်ပိတ်ပင်လိုက်တာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top