နိုင်ငံတကာ brand တစ်ခုဖြစ်သည့် Louis Vuitton မှ ကြီးမားလွန်းသော စိန်အရိုင်းတုံးကြီး ထုတ်ဖော်ပြသ

unnamed.png

ဆယ်စုနှစ်အတွင်း ရှာဖွေတွေ့ရှိခဲ့သမျှ စိန်များထဲတွင် အကြီးဆုံးဖြစ်သည့် ၁၇၅၈ ကရက်ရှိသော စိန်အရိုင်းတုံးကြီးသည် ပုဂ္ဂလိကပိုင် ကမ္ဘာကျော် အမှတ်တံဆိပ် Louis Vuitton နှင့် အခြား ပုဂ္ဂလိကပိုင် ကုမ္ပဏီများသို့ အထက်တန်းစား လက်ဝတ်ရတနာ ပြုလုပ်ရန် အဂ်ါနေ့က ပြသခဲ့သည်။

စိန်တုံးကြီးကို တောင်အာဖရိက Botswana ဒေသ တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ထိုဒေသ၏ ဘာသာစကား tswana အရ Sewelo ဟု အမည်ပေးထားပြီး ရှားပါးသော တွေ့ရှိမှုဟု အဓိပ္ပာယ်ရသည်။ စိန်အရိုင်းတုံးကြီး၏ အရွယ်အစားသည် တင်းနစ်ဘောလုံး အရွယ်အစားရှိသည်။ ယင်း စိန်တုံးကြီးသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး စိန်တုံးဖြစ်သည်။ ပထမအကြီးဆုံး စိန်တုံးသည် တောင်အာဖရိက Cullinan စိန်တွင်းတွင် ၁၉၀၅ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သည့် ၃၁၀၀ကရက် ရှိသော စိန်တုံးပြီး ယခုအခါတွင် ဗြိတိန် တော်ဝင် သရဖူတွင် ဆင်မြန်းထားရှိသည်။

Lucara Diamond ဟုခေါ်သည့် ကနေဒါ အခြေစိုက် သတ္ထုတွင်းလုပ်ငန်း ကုမ္ပဏီမှ ယင်း စိန်တုံးကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော အပတ်က Louis Vuitton နှင့် Antwerp အခြေစိုက် စိန်ထုတ်လုပ်ရေး ကုမ္ပဏီသို့ လက်ဝတ်ရတနာအဖြစ် ပြုလုပ်ရန် သဘောတူခဲ့ကြောင်း ကြော်ငြာခဲ့သည်။

“ဒါက ကျွန်တော်တို့အတွက် အကြီးကျယ်ဆုံး အခွင့်အလမ်း တစ်ခုပဲ။” ဟု Louis Vuitton မှ အမှုဆောင်အရာရှိချုပ် Michael Burke က Financial Times သတင်းဌာနသို့ ပြောကြားခဲ့သည်။ Louis Vuitton ၏ တာဝန်မှာ သတ္ထုတွင်းမှ အကြမ်းထည်အတိုင်း မီးသွေးအလွှာများ ဖုံးအုပ်နေသည့် ထိုစိန်တုံးကို သန့်စင်ရန်ဖြစ်ပြီး နောက်ဆုံးဝယ်ယူသူအတွက် သန့်စင်သော စိန်အဆင့်ရောက်သည် အထိတာဝန်ယူရန်ဖြစ်သည်။ စိန်၏ လက်ရှိတန်ဖိုး နှင့် နောက်ဆုံးရောင်းချသွားမည့် တန်ဖိုးကိုတော့ ထုတ်ဖော်ပြောခဲ့ခြင်း မရှိပေ။ ထိုစိန်ကို ပြင်သစ်၌ ပြသပြီး နောက်ပိုင်းတွင် အခြားနိုင်ငံခြားသား ဝယ်ယူလိုသူများအတွက် ကမ္ဘာလှည့် ပြသရန် စီစဉ်မည်ဖြစ်ကြောင်းဆိုသည်။

မေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top