ချို့တဲ့နွမ်းပါးသူတွေအတွက် နေအိမ်အလုံး ၁၀၀ ဆောက်လုပ်ပေးခဲ့တဲ့ MrBeast

3.7.2024-yyl-1.png

နာမည်ကျော် YouTuber MrBeast က နေအိမ်အလုံး ၁ဝ၀ ဆောက်လုပ်ပြီး လိုအပ်နေသူတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ဂျမေကာ၊ အယ်လ်ဆာဗေးဒိုး၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာနိုင်ငံမှ ချို့တဲ့နွမ်းပါးမိသားစုတွေအတွက် MrBeast က နေအိမ်တွေ ဆောက်လုပ်ပေးခဲ့တာပါ။

အံ့အားသင့်စရာ စိန်ခေါ်မှုတွေ လုပ်ပြပြီး နာမည်ကျော်ကြားလာတဲ့ MrBeast ဟာ ပရဟိတအကျိုး ဆောင်ရွက်မှုတွေကြောင့်လည်း လူသိများပါတယ်။ နေအိမ်တစ်လုံးချင်းစီက သက်ဆိုင်ရာမိသားစုတွေရဲ့ ဘဝကို ပြောင်းလဲစေဖို့ ရည်မှန်းထားတယ်လို့ သူက ဆိုပါတယ်။

MrBeast ဟာ Food For The Poor, New Story၊ Techo အစရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ။

Ref:MrBeast Builds 100 Homes For Families In Need
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top