မင်းသားဘင်အက်ဖလက်ခ် နဲ့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့တဲ့ ဂျနီဖာလိုပက်ဇ်

20-7-2022-09.jpg

လပ်ဗီးဂပ်စ်မြို့မှာ လင်းနို့လူသားအဖြစ် လူသိများတဲ့ မင်းသား ဘင်အက်ဖလက်ခ်နဲ့ လက်ထပ်လိုက်ပြီလို့ အဆိုတော်မင်းသမီး ဂျနီဖာလိုပက်ဇ်က တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။ လက်ထပ်လိုက်တဲ့သတင်းကို သူ့ရဲ့တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ OnTheJLo ကနေတဆင့် ပရိသတ်တွေကို အသိပေးခဲ့တာပါ။

ဂျေလို နဲ့ ဘင်အက်ဖလက်ခ်တို့က သူတို့အလိုရှိခဲ့တဲ့ သာမန်မင်္ဂလာပွဲအခမ်းအနားအတိုင်း ကျင်းပခွင့်ရခဲ့တာပါ။ သူတို့စုံတွဲက လပ်ဗီးဂပ်စ်မြို့ရဲ့နာမည်ကြီး ထိမ်းမြားမင်္ဂလာကျင်းပရာ ဆုတောင်းနေရာ A Little White Chapel မှာ ဇူလိုင်လ ၁၆ ရက်နေ့က လက်ထပ်ခဲ့ကြပါတယ်။ လက်ထပ်ခွင့်လိုင်စင်ကို ရယူခဲ့တယ်လို့လည်း နီဗားဒါးပြည်နယ်ရဲ့ လက်ထပ်ခွင့်လိုင်စင်နဲ့လက်ထပ်စာချုပ်ထုတ်ပေးတဲ့ ကောင်တီအစိုးရရုံးက ဆိုပါတယ်။

မင်္ဂလာဝတ်စုံနဲ့မြင်တွေ့ရတဲ့ ဘင်အက်ဖလက်ခ် နဲ့ ဂျေလို

“မနေ့က ကျွန်မတို့ (၂) ယောက် လပ်ဗီးဂပ်စ်ကို သွားပြီး မင်္ဂလာဆောင်ကြတော့မယ့် အခြားစုံတွဲ (၄) တွဲနဲ့အတူ လက်ထပ်ခွင့်လိုင်စင်ရဖို့ တန်းစီခဲ့ရတယ်။ ကျွန်မတို့အားလုံး လိုချင်တာ အတူတူပါပဲ။ လက်ထပ်ထိမ်းမြားခြင်းရဲ့သင်္ကေတကနေတဆင့် ကျွန်မတို့ကို အိမ်ထောင်ဖက်အဖြစ် ကမ္ဘာက အသိအမှတ်ပြုပေးဖို့နဲ့ ကမ္ဘာကြီးကို ကျွန်မတို့ရဲ့ချစ်ခြင်းမေတ္တာ ချပြဖို့အတွက်ပါ”လို့ ဂျေလိုက ပြောပါတယ်။ ဂျေလိုဟာ ရုပ်ရှင်ဇာတ်ကားဟောင်းထဲက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဂျေလိုနဲ့ ဘင်အက်ဖလက်ခ်တို့က နှစ် (၂၀) ကြာမှ ပေါင်းဖက်နိုင်ခဲ့ကြတာပါ။ ၂၀၀၁ ခုနှစ်မှာ သူတို့စုံတွဲဟာ “Gigli” ဇာတ်ကားရိုက်ကွင်းမှာ တွေ့ဆုံခဲ့ကြတာပါ။ ၂၀၀၂ခုနှစ် နိုဝင်ဘာမှာ စေ့စပ်ခဲ့ကြပေမဲ့ ၂၀၀၃ခုနှစ် စက်တင်ဘာလမှာ မင်္ဂလာပွဲကို ရွှေ့ဆိုင်းခဲ့ကြပါတယ်။ ၂၀၀၄ ခုနှစ် ဇန်နဝါရီမှာတော့ စေ့စပ်တာကို တရားဝင်ဖျက်သိမ်းခဲ့ပြီး သူတို့ လမ်းခွဲခဲ့ကြပါတယ်။

မင်္ဂလာဝတ်စုံနဲ့မြင်တွေ့ရတဲ့ ဘင်အက်ဖလက်ခ် နဲ့ ဂျေလို

၂၀၀၅ ခုနှစ်မှာ ဘင်အက်ဖလက်ခ်က မင်းသမီး ဂျနီဖာ ဂါနာကို လက်ထပ်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာ ဂျေလိုက အဆိုတော် မာ့ခ် အန်သိုနီနဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၄ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဘင်အက်ဖလက်ခ် နဲ့ ဂျေလိုတို့ ပြန်တွဲခဲ့ကြပြီး ၂၀၂၂ခုနှစ် ဧပြီလမှာ စေ့စပ်ခဲ့ကြတာပါ။

Ref: ABCNews “‘Mrs. Jennifer Lynn Affleck’: Jennifer Lopez announces she and Ben Affleck married in Las Vegas”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top