ဓားဒဏ်ရာနဲ့ သေဆုံးနေတဲ့ အစိမ်းရောင်ပင်လယ်လိပ်အများအပြား တွေ့ရှိ

20-7-2022-10.jpg

ဝေးလံခေါင်သီတဲ့ ဂျပန်ကျွန်း ကမ်းခြေမှာ ဓားဒဏ်ရာရထားတဲ့ ပင်လယ်လိပ်တွေ အပါအဝင် အနည်းဆုံး ပင်လယ်လိပ်အကောင် ၃၀ သေဆုံးနေတာ တွေ့ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ကြာသပတေးနေ့က ဒီရေတက်လာချိန်မှာ ကူမဲဂျီနာကျွန်း ဒေသခံတွေက အစိမ်းရောင်ပင်လယ်လိပ်အသေတွေကို တွေ့ရှိခဲ့တာပါ။

ငါးဖမ်းပိုက်ကွန်နဲ့ ငြိမိနေတဲ့ ပင်လယ်လိပ်တွေကို ပြန်လွှတ်ပေးရာမှာ ဒဏ်ရာရအောင် လုပ်မိခဲ့တယ်လို့ ငါးဖမ်းလုပ်ငန်းတစ်ခုက ဝန်ခံခဲ့ပါတယ်။ ” ငါးဖမ်းပိုက်ကွန်နဲ့ ငြိမိနေတဲ့ ပင်လယ်လိပ်တွေကို ဖြည်ပေးပြီး ပင်လယ်ထဲ ပြန်လွှတ်ပေးဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ လိပ်ကြီးတွေက လေးလွန်းလို့ သူတို့ကို ဓားနဲ့ထိုးပြီး ဖယ်ရှားခဲ့တာပါ” လို့ အမည်မဖော်လိုတဲ့ ငါးဖမ်းလုပ်ငန်းတစ်ခုက သတင်းရင်းမြစ်တစ်ဦးကို ပြောခဲ့တာပါ။

ဂျပန်နိုင်ငံ အာဏာပိုင်တွေနဲ့ ကမ္ဘာ့သားရဲတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တွေက အစိမ်းရောင်ပင်လယ်လိပ်တွေကို မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့စာရင်းမှာ ထည့်သွင်းထားကြပါတယ်။

ဇက်မှာ ဓားဒဏ်ရာတွေနဲ့ အစိမ်းရောင်ပင်လယ်လိပ်တွေ သေဆုံးနေတဲ့ သတင်း ထွက်ပေါ်လာပြီးနောက်မှာ ရေကြောင်းဇီဝပညာရှင်တွေနဲ့ ကူမဲဂျီနာကျွန်းရဲ့ ပင်လယ်လိပ်ပြတိုက် ဝန်ထမ်းတချို့က ကမ်းခြေကို အပြေးအလွှား လာခဲ့ကြပေမဲ့ ပင်လယ်လိပ်အကောင် တော်တော်များများဟာ သူတို့မရောက်ခင်ကတည်းက သေနေကြပါပြီ။
ဂျပန်ရဲတပ်ဖွဲ့က ဒီဖြစ်ရပ်ကို တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။

Ref: Dozens of sea turtles found stabbed off Japanese island

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top