ဒုတိယမြောက်ရင်သွေးလေးကိုကြိုဆိုလိုက်တဲ့ Maroon 5 အဖွဲ့ဝင်

ma1.jpg

Maroon 5 အဖွဲ့ဝင် Adam Levine နဲ့ဇနီးချော မော်ဒယ်ဖြစ်သူ Behati Prinsloo တို့က ဒုတိယမြောက်ရင်သွေးလေး ရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံက ၂၀၁၁ မှာကျင်းပခဲ့တဲ့ Victoria’s Secret ဖက်ရှင်ရှိုးပွဲမှာတွေ့ဆုံခဲ့တာဖြစ်ပြီး ထိုပွဲမှာ Maroon 5 အဖွဲ့က ဖျော်ဖြေပေးရတာဖြစ်ပါတယ်။ ထိုအချိန်တုန်းက Adam တွဲခဲ့တာက တခြားမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Anne Vyalitsyna ချစ်သူဖြစ်ခဲ့ပြီး တွဲပြီး လအနည်းငယ်အတွင်းမှာ ပြတ်သွားကြတဲ့အတွက် သူအသည်းကွဲခဲ့ပါတယ်။

၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ Adam နဲ့ Behati တို့ပထမဆုံးတွဲခဲ့ကြပါတယ်။သူတို့နှစ်ဦးတွဲနေစဉ်မှာလည်း Adam က နောက်ထပ် Victoria’s Secret မော်ဒယ်တစ်ယောက်ဖြစ်တဲ့ Nina Agdal နဲ့ဇာတ်လမ်းရှုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တစ်လပဲတွဲပြီး ပြတ်သွားတာကြောင့် Behati ဆီပြန်ပြီး ခြေဦးလှည့်ခဲ့ပါတယ်။ သူတို့နှစ်ဦးက ပထမဆုံးရင်သွေးလေး Dusty Rose အပြင်နောက်ထပ်ဂရုစိုက်ရမယ့်သမီးလေးရလာတော့မှာပါ။

ဒုတိယမြောက်သမီးလေးကိုAdamတို့ဇနီးမောင်နှံရင်ခုန်စွာစောင့်စားနေပေမယ့် မွေးမယ့်ရက်ကိုတော့ ပရိသတ်တွေဆီ အသိပေးကြေငြာခြင်းမရှိပါဘူး။ ဖခင်တစ်ယောက်ဖြစ်ရတာ ပျော်ရွှင်ဖို့ကောင်းတဲ့အတွက် ဒီလိုမျိုး ဖခင်အတွေ့အကြုံရတာကိုလည်း ကျေနပ်နှစ်သက်မိပါတယ်လို့ Adam Levine ကဆိုပါတယ်။

Ref: fabiosa.guru/adam-levine-and-behati-prinsloo-welcome-their-

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top