အိမ်မွေးကြောင်လေးရဲ့မွေးနေ့ပါတီကို Louis Vuitton အရောင်းဆိုင်မှာ ကျင်းပပေးခဲ့တဲ့ မလေးရှားစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး

15.5.24-yyl-1.jpg

မကြာသေးခင်က မလေးရှားစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီး ဟာလီဇာ မေဇူရီဆိုသူက သူ့ရဲ့အိမ်မွေးကြောင်လေးအတွက် မွေးနေ့ပါတီကို ကွာလာလမ်ပူရှိ The Gardens Mall က Louis Vuitton ဆိုင်မှာ ပြုလုပ်ပေးခဲ့ပါတယ်။ မန်နီး (Money) လို့ခေါ်တဲ့ အဲ့ဒီကြောင်လေးကလည်း မွေးနေ့ပါတီနဲ့ လိုက်ဖက်စွာ သီးသန့်ချုပ်လုပ်ပေးထားတဲ့ မီးခိုရောင်ဝတ်စုံလေးဝတ်ဆင်ထားပါတယ်။

ဒီမွေးနေ့ပါတီဗီဒီယိုကို TikTok မှာ မျှဝေခဲ့တာပါ။ LV ဆိုင်ဝန်ထမ်းက ကြောင်လေးအတွက် မွေးနေ့ကိတ်ကြီးကိုင်ထားပေးပြီးမွေးနေ့သီချင်းသီဆိုပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဟာလီဇာကတော့ မွေးနေ့ကိတ်က ဖယောင်းတိုင်ကို မှုတ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် မန်နီးအတွက် သူ့ရဲ့မွေးနေ့လက်ဆောင်အဖြစ် စင်ကာပူဒေါ်လာ ၈၅၅ တန်ဖိုးရှိတဲ့ Louis Vuitton လည်ပတ်ကို ပေးခဲ့ပါတယ်။ အဲ့ဒါအပြင် LV အမှတ်တံဆိပ်ရဲ့အထင်ကရမိုနီဂမ်လည်သားပေါ်ရိုက်နှိပ်ထားပြီး ဘောင်ခတ်ထားတဲ့ မန်နီးပုံတူကိုလည်း လက်ဆောင်ပေးခဲ့ပါတယ်။

Ref: M’sian Businesswoman Celebrates Her Cat’s Birthday At Louis Vuitton Store

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top