ဂွာတီမာလာနိုင်ငံမှာ မာယာဘုရင်ရဲ့ ကျောက်စိမ်းမျက်နှာဖုံးကို တူးဖော်တွေ့ရှိ

30.1.24-yyl-8.jpg

ဂွာတီမာလာနိုင်ငံမှာ မာယာမျိုးနွယ်စုတွေ နေထိုင်ခဲ့တဲ့ သမိုင်းဝင်နေရာတစ်ခုကနေ ဘုရင်ကြီးအသုံးပြုတဲ့ ကျောက်စိမ်းမျက်နှာဖုံးကို တူးဖော်တွေ့ရှိခဲ့ပါတယ်။ ဂွာတီမာလာနိုင်ငံ အရှေ့မြောက်ပိုင်း ပီတန်းပြည်နယ် ချောက်ကီတန်မှာ မာယာသမိုင်းရဲ့ဂန္ထဝင်ခေတ်ကြိုကာလ မြို့ဟောင်းကို ၁၉၀၉ ခုနှစ်မှာ စတင်တွေ့ရှိခဲ့တာပါ။ လေဆာနည်းပညာ (LiDAR)နဲ့ ရှာဖွေမှုအရ တော်ဝင်ပိရမစ်ကြီးအောက်ကနေ ဂူဖောက်သမားတွေ မမြင်လို့ ကျန်ရစ်ခဲ့တဲ့ အခန်းတစ်ခန်းကို တွေ့ရှိခဲ့တာပါ။

လူဝီစီယားနားပြည်နယ် တူလန်းတက္ကသိုလ်နဲ့ အလာဘားမားတက္ကသိုလ်ရဲ့ သုတေသနအဖွဲ့ဟာ ဂွာတီမာလာနိုင်ငံ ကိုယ်စားလှယ်တွေ၊ သိပ္ပံပညာရှင်တွေနဲ့အတူ အဲဒီ ဂူအခန်းကို တူးဖော်ရာမှာ ရှေးဟောင်းသမိုင်းအတွက် ထင်ရှားတဲ့ ရတနာတွေ တွေ့ရှိခဲ့တာပါ။ လူ့ အရိုးခေါင်း၊ သေတ္တာပုံစံ ကျောက်သားအခေါင်း၊ ရှေးဟောင်း အီဂျစ်အက္ခရာတွေ ရေးထွင်းထားတဲ့ လူ့အရိုးတွေ၊ ဈာပနအခမ်းအနားတွေမှာ သုံးလေ့ရှိတဲ့ ခရုခွံနဲ့ ကြွေထည်တွေ၊ ဆက်လိုက်ရင် မျက်နှာဖုံးပုံ ဖြစ်သွားတဲ့ ကျောက်စိမ်းတုံးတွေကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အလာဘားမားတက္ကသိုလ်ရဲ့ ရှေးဟောင်းစာပေပညာရှင် တိုကိုဗီနိုင်းရဲ့ ဝှက်စာဖော်မှုအရ အရိုးတွေမှာ Itzam Kokaj Bahlam လို့ ရေးထွင်းထားပြီး ဒါဟာ လွန်ခဲ့တဲ့ နှစ် ၁၇၀၀ နီးပါးက ချောက်ကီတန်ကို အုပ်ချုပ်ခဲ့တဲ့ ဘုရင့်နာမည်ဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။ မာယာလူမျိုးတွေ ကိုးကွယ်တဲ့ မုန်တိုင်းနတ်ပွဲ ကျင်းပတဲ့ တော်ဝင်အခမ်းအနားတွေမှာ ဘုရင်ကြီးက အဲဒီမျက်နှာဖုံးကို အသုံးပြုလေ့ရှိတယ်လို့ ယုံကြည်ထားကြပါတယ်။

Ref:Jade Funerary Mask of Great Mayan King Found at Little-Known Site in Guatemala

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top