အလုပ်စွမ်းဆောင်နိုင်ရည်အကောင်းဆုံးဝန်ထမ်းတွေကို တန်ဖိုးကြီးအိမ်နဲ့ကားတွေ ဆုချခဲ့တဲ့ မလေးရှားကုမ္ပဏီ

13.1.2025-yyl-10.jpg

မလေးရှားလူမျိုး TikTok အသုံးပြုသူ ခါတ်တီဆိုသူဟာ သူ့ကုမ္ပဏီနှစ်ပတ်လည်ညစာစားပွဲရဲ့ ဆုပေးပွဲအခမ်းအနားဗီဒီယိုတစ်ခုကို မကြာသေးခင်က မျှဝေခဲ့ပါတယ်။ ထူးခြားတာက အဲ့ဒီဆုပေးပွဲဟာ အလုပ်စွမ်းဆောင်ရည်အကောင်းဆုံးဝန်ထမ်းတွေကို တန်ဖိုးကြီးအရာဆုချီးမြှင့်တာပါပဲ။

ခါတ်တီရဲ့ကျန်းမာရေးစောင့်ရှောက်မှုထုတ်ကုန်တွေရောင်းချတဲ့ အလုပ်ရှင်က သူ့ရဲ့ထိပ်တန်းအလုပ်စွမ်းဆောင်ရည်အကောင်းဆုံးဝန်ထမ်းတွေကို အခုလိုဆုချခဲ့တာပါ။ ဝန်ထမ်းတစ်ယောက်ကဆိုရင် စင်ကာပူဒေါ်လာ၂၄၂၀၀၀ တန်ဖိုးရှိ ဘန်ဂလိုတစ်လုံးလက်ခံရရှိတာကိုတွေ့ရပါတယ်။ နောက်တစ်ယောက်က စင်ကာပူဒေါ်လာ၁၃၂၀၀၀ တန် နှစ်ထပ်အိမ်တစ်လုံးရရှိခဲ့တာပါ။

အခြားဝန်ထမ်းတွေကလည်း စင်ကာပူဒေါ်လာ၁၅၂၀၀ တန် Perodua Myvi ကားနဲ့ ဘုရားဖူးခရီးစဉ်အတွက် ကုန်ကျစရိတ်အားလုံးကို ရရှိခဲ့တာပါ။

ဗီဒီယိုတင်တဲ့ ခါတ်တီကလည်း အိမ်ရရှိတဲ့သူတွေထဲက တစ်ဦးပါပဲ။ ကုမ္ပဏီက ဆင့်ပွားဈေးကွက်ဖြန့်ချိရေးမဟုတ်သလို အာမခံကုမ္ပဏီလည်းမဟုတ်ကြောင်း၊ ဆုလာဘ်တွေက ဝန်ထမ်းတစ်ယောက်ချင်းရဲ့စွမ်းဆောင်ရည်အပေါ်အခြေခံထားတာဖြစ်ကြောင်း ခါတ်တီက ဆိုပါတယ်။

Ref: M’sian Company Rewards Top-Performing Staff With Bungalow, Two-Storey Terrace House & Car

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top