သမီးဖြစ်သူရဲ့နာမည်ချည်းပဲ တက်တူး (၆၆၇) ခုထိုးပြီး ကမ္ဘာ့စံချိန်ချိုးခဲ့တဲ့ အမျိုးသား

12.9.23-yyl-12.jpg

အသက် ၄၉ နှစ်အရွယ် ဗြိတိန်အမျိုးသားဟာ သူ့ရဲ့ခန္ဓာကိုယ်မှာ နာမည်တစ်ခုတည်းကို တက်တူးအများဆုံးထိုးခဲ့တဲ့အတွက် ကမ္ဘာ့ဂင်းနက်စ်စံချိန်ကို ရယူနိုင်ခဲ့ပါတယ်။ မက်ခ် အိုဝမ် အီဗန်စ် ဆိုတဲ့ အဲဒီအမျိုးသားက သူ့ရဲ့ခန္ဓာကိုယ်မှာ သူ့သမီးရဲ့နာမည်ကိုပဲ ၆၆၇ ခါ တက်တူးထိုးခဲ့တာပါ။

၂၀၁၇ ခုနှစ်ကလည်း သူ့ခန္ဓာကိုယ်မှာ သူ့သမီးနာမည် Lucy ချည်းပဲ ၂၆၇ ခါ တက်တူးထိုးခဲ့တဲ့အတွက် နာမည်တစ်ခုတည်းတက်တူးအများဆုံးစံချိန်ကို ရရှိခဲ့ပါသေးတယ်။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ အီဗန်စ်က နာမည်တစ်ခုတည်းကို တက်တူး ၃၀၀ ထိုးခဲ့တဲ့ အမေရိကန်နိုင်ငံသူ ဒိုင်ဒရာ ဗီဂီလ်ရဲ့စံချိန်ကို ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒါကြောင့် အီဗန်စ်က သူ့ရဲံစချိန်ကို ပြန်ယူဖို့အတွက် သူ့သမီးနာမည်ချည်းပဲ နောက်ကျောဘက်မှာ တက်တူးထပ်ထိုးဖို့ဆုံးဖြတ်ခဲ့တာပါ။ တက်တူး ၆၆၇ ခု ပြည့်ဖို့အတွက် ကျန်တဲ့ တက်တူး ၄၀၀ အတွက် အချိန် ၅ နှစ်ခွဲယူခဲ့ရပါတယ်။

Ref: UK Man Creates World Record, Gets 667 Tattoos Of Daughter’s Name

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top