၇ နှစ်ကြာ ၁၉ လီတာရေဘူးထဲ စုခဲ့တဲ့ ငွေတွေနဲ့ iPhone 14 ဝယ်ယူနိုင်ခဲ့သူ

22.9.23-yyl-၁၃-1.jpg

မလေးရှားနိုင်ငံက အမျိုးသားတစ်ဦးဟာ ၁၉ လီတာရေဘူးထဲကို ၅၀ ဆင့် ဒင်္ဂါးပြားတွေအပြည့်ထည့်ပြီး စုခဲ့ပါတယ်။ ၇ နှစ်အကြာမှာ ဒင်္ဂါးပြားတွေ ထည့်ထားတဲ့ ရေဘူးကြီးကို ဖွင့်ဖောက်လိုက်ပါပြီ။ ရေဘူးကို ဖောက်ပြီး ဒင်္ဂါးပြားတွေထုတ်တဲ့ဗီဒီယိုကို ရိုက်ကူးကာ TikTok မှာ တင်ခဲ့ပါသေးတယ်။ အခုဆို အဲဒီဗီဒီယိုက ကြည့်ရှုသူ ၄.၄ သန်းရှိနေပါပြီ။ “၇ နှစ်ကြာ စုဆောင်းခဲ့တဲ့ ရလဒ်”လို့လည်း စာရေးသားထားပါတယ်။

၁၉ လီတာရေဘူးထဲ ဒင်္ဂါးပြားတွေ စုဆောင်းခဲ့တဲ့သူက အသက် ၃၀ အရွယ် မူဟမ်မတ် ဟာဖစ်ဇ် အက်ဒူ ဟာမစ်ဆိုသူပါ။ ရေဘူးရဲ့အပေါက်ကနေ အကြွေစေ့တွေကို ထုတ်ဖို့လုပ်ခဲ့ပေမဲ့ မရလို့ ရေဗူးကို လွှာနဲ့ဖြတ်ပြီး ထုတ်ခဲ့ရပါတယ်။ သူ ရေဘူးထဲ စုခဲ့တဲ့အကြွေစေ့တွေအကုန်လုံးက ၅၀ ဆင့် ငွေအင်္ဂါးတွေချည်းပါပဲ။ ငွေဒင်္ဂါးပြား ဘယ်လောက်စုမိလဲဆိုတာ ရေတွက်ဖို့အတွက် လူ ၄ ဦးက ၃ နာရီကြာအချိန်ယူခဲ့ရပါတယ်။ ငွေအင်္ဂါပြားအရေအတွက်က အမေရိကန်ဒေါ်လာ ၁,၁၃၄ ကျော်ရရှိခဲ့ပါတယ်။

ဟာဖစ်ဇ်က ၂၀၁၆ ခုနှစ်ကတည်း စပြီးစုခဲ့တာပါ။ ဒီလောက်အများကြီးရမယ်လို့ မမျှော်လင့်ခဲ့ပါဘူး။ အစက မတ်ခွက်နဲ့ အာလူးကြော်ဘူးတွေထဲ သိမ်းဆည်းထားခဲ့တာပါ။ နောက်ပိုင်းကျမှ ၁၉ လီတာရေဘူးထဲ ထည့်စုဖြစ်ခဲ့ပါတယ်။ ငွေအင်္ဂါတွေပိုရဖို့အတွက် သူ့သူငယ်ချင်းတွေနဲ့မိသားစုတွေဆီကနေ ငွေစက္ကူနဲ့ လဲလှယ်ခဲ့တာပါ။ ရေဗူးမှာ ငွေအင်္ဂါးတွေပြည့်သွားပြီးဆိုတာကို မြင်မှ အခုလို ဖွင့်ဖောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၁,၁၃၄ ကျော် ငွေအင်္ဂါပြားတွေကို ငွေသားအဖြစ် ထုတ်ယူဖို့ ဘဏ် ၆ ခုကို သွားခဲ့ရပါသေးတယ်။ ဒီငွေတွေနဲ့ ဟာဖစ်ဇ်က iPhone 14 ဝယ်ယူနိုင်ခဲ့ပါတယ်။ ၅၀ ဆင့် ငွေဒင်္ဂါပြားစုဆောင်းတာကို ပြန်လုပ်ဦးမလားမေးတော့ မလုပ်တော့ပါဘူးတဲ့။

Ref: M’sian man’s 50-cent coins fill 19-litre bottle in 7 years, saves enough to buy iPhone 14

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply