နိုင်ငံလုံးဆိုင်ရာစာမေးပွဲရလဒ်ရပြီးပြီးချင်း မိဘတွေရဲ့အုတ်ဂူဆီ သွားပြခဲ့တဲ့ ဆယ်ကျော်သက်ကောင်လေး

boys1.jpg

မူဟာမတ် ဖာအီဇ် ကျူဒရိုင် ရစ်ဇူအန်ဆိုတဲ့ အသက် ၁၈ နှစ်ကောင်လေးဟာ O Level စာမေးပွဲတွေနဲ့ ညီမျှတဲ့ SPM မလေးရှားစာမေးပွဲရလဒ်ကို ရပြီးပြီးချင်း သူ့အဖေ၊ အမေ၊ ညီလေးတို့ရဲ့ အုတ်ဂူဆီ တန်းတန်းမတ်မတ်သွားခဲ့တာပါ။ သူဟာ သူ့ရဲ့အောင်မြင်မှုကို သူ့မိသားစုနဲ့ မျှဝေချင်ခဲ့တာပါ။ အခုလိုသူ့ရဲ့အပြုအမူက မလေးရှားလူမှုကွန်ယက်အသုံးပြုသူတွေရဲ့နှလုံးသားကို ဖမ်းစားသွားနိုင်ခဲ့ပါတယ်။


ဒီဆယ်ကျော်သက်ကောင်လေးက မိဘတွေနဲ့ ညီငယ်လေးတို့ရဲ့အုတ်ဂူသွားပြီး စာမေးပွဲရလဒ်သွားပြခဲ့တဲ့အခိုက်အတန့်ကို TikTok မှာ တင်ခဲ့တာပါ။ “ကျွန်တော် 5As ရရှိခဲ့တာကို အဖေ၊ အမေ၊ ညီလေးတို့ အားလုံးကို သိစေချင်ခဲ့တာပါ။ ကျောင်းတက်ရတာ ပျော်စရာတော့မကောင့်ဘူး။ အားလုံးကို ချစ်ပါတယ်။ ကျွန်တော့်ကို ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်”လို့လည်း ရေးသားထားပါတယ်။

စာမေးပွဲရလဒ်က သာမန်ပေမဲ့ သူ လုပ်နိုင်တယ်ဆိုတာ သက်သေပြခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ သူ့ဘေးမှာ ဘယ်သူမှ မရှိရင်တောင် အကောင်းဆုံးဖြစ်အောင်ကြိုးစားခဲ့တာပါ။ သူ့မိဘတွေကိုလည်း သူ အကောင်းဆုံးတွေဖြစ်အောင်ကြိုးစားမယ်လို့ ကတိပြုထားခဲ့တာပါ။


မူဟာမတ် ဖာအီဇ် ကျူဒရိုင် ရစ်ဇူအန်ဟာ သူ့မိဘတွေနဲ့ ညီလေးကို ဆုံးရှုံးသွားခဲ့တာ ဆယ်စုနှစ်တစ်ခုနီးပါးရှိခဲ့ပါပြီ။ သူ့အဖေက ၂၀၁၄ခုနှစ်မှာ အဆုတ်ရောဂါကြောင့် သေဆုံးသွားခဲ့တာပါ။ ၂ နှစ်အကြာမှာ သူ့အမေနဲ့ ညီလေးတို့က အဆုတ်ရောင်ရောဂါနဲ့ ပန်းနာရင်ကျပ်ရောဂါတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။

Ref: M’sian teen visits family’s graves after collecting SPM exam results

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top