အမေရိကန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မျှော်မှန်းလူ့သက်တမ်း မြင့်တက်

amarican-age.jpg

အမေရိကန်နိုင်ငံမှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် မျှော်မှန်းလူ့သက်တမ်း မြင့်တက်လာခဲ့ပါတယ်။ နှစ်(၂၀)ကျော်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလို့ သေဆုံးသူပမာဏလည်း ကျဆင်းခဲ့တယ်လို့ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေး စင်တာ(CDC)က ထုတ်ပြန်ခဲ့ပါတယ်။ အမေရိကန် စျေးကွက်ထဲကို အကိုက်အခဲပျောက်ဆေးတွေ အရှိန်အဟုန်ပြင်းပြင်း ဝင်ရောက်လာခဲ့လို့ မူးယစ်ဆေးဝါး စွဲလမ်းမှုဖြစ်ပွားခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် တွေ နောက်ပိုင်းမှာ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲလို့ သေဆုံးခဲ့တဲ့ အမေရိကန်နိုင်ငံသား ၄၀၀၀၀၀ လောက်ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ ကင်ဆာ၊ နှလုံးရောဂါတွေကြောင့် သေဆုံးသူ အရေအတွက်လည်း ကျဆင်းခဲ့ပါတယ်။ ကင်ဆာနဲ့ နှလုံးရောဂါဟာ အမေရိကန်နိုင်ငံမှာ လူသေဆုံး စေတဲ့ အဓိက အကြောင်းအရင်း နှစ်ခုဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ကင်ဆာကြောင့် သေဆုံးသူ ၀.၈ ရာခိုင်နှုန်း၊ နှလုံးရောဂါကြောင့် သေဆုံးသူ ၂.၂ ရာခိုင် နှုန်း ကျဆင်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ပျမ်းမျှမျှော်မှန်းလူ့သက်တမ်းဟာ ၂၀၁၇ ခုနှစ်ကထက် ၀.၁ နှစ် မြင့်မားလာပြီး ၇၈ နှစ်၊ ၇ လ အထိ ရှိလာခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top