ဦးနှောက်သေသွားခဲ့တဲ့ နှစ်နှစ်သမီးလေး ရဲ့ အံ့အားသင့်စရာ ကိုယ်တွင်းအင်္ဂါ အလှူ

60952464_455556035201142_4955533321959374848_n-2.jpg

အမေရိကန်နိုင်ငံ၊ အိုင်အိုဝါပြည်နယ်က (၂၂ လ) အရွယ်သာရှိသေးတဲ့ သမီးလေး ကိုရာလင်းဆိုဘိုလစ် (Coralynn Sobolik) ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ကုသမှုခံယူနေစဉ် (၅) ရက်တာအတွင်းမှာ ရုတ်တရက် နှလုံးခုန်ရပ်တာ သုံးကြိမ်အထိ ဖြစ်ပေါ်ပြီး ဦးနှောက်သေဆုံးသွားခဲ့ရပါတယ်။

ဦးနှောက်သေသွားခဲ့တဲ့ သမီးလေးကို ကိုယ်တွင်းအင်္ဂါတွေ လှူဒါန်းနိုင်ဖို့ ဆေးရုံရဲ့ ခွဲစိတ်ခန်းထဲ သယ်ဆောင်သွားခဲ့ရတဲ့မြင်ကွင်းက သူ့မိဘတွေအတွက် ဖြေမဆည်နိုင်အောင် ကြေကွဲဖွယ်ရာအတိ ဖြစ်ခဲ့ရပါတယ်။

ကိုရာလင်းရဲ့ ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ နှလုံး၊ ကျောက်ကပ်နဲ့ အသည်းတို့ကို လှူဒါန်းပေးခဲ့တာဖြစ်ပြီး ဒီလို လှူဒါန်းမှုကြောင့် အသက်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူသုံးယောက်တိတိရဲ့အသက်ကို ကယ်တင် ကာကွယ်ပေးနိုင်ခဲ့တယ်လို့ သိရတာလည်း ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။

ဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေဟာ သမီးလေးနဲ့ နောက်ဆုံးခရီးမှာ သူ့ရဲ့ဘေးမှာ တန်းစီရပ်ပြီး Amazing Grace သီချင်းနဲ့ ဂုဏ်ပြု သီဆိုပေးခဲ့ကြတဲ့ ဗွီဒီယိုမြင်ကွင်းဟာလည်း မျက်ရည်လည်စရာ ဖြစ်ခဲ့ပါတယ်။ ကလေးရဲ့မိခင်က ဒီဗွီဒီယိုလေးကို ဖေ့စ်ဘွတ်ခ်ပေါ် မျှဝေခဲ့ပြီးတဲ့နောက် ကြည့်ရှုသူ ပရိသတ်ပေါင်း (၉) သန်းကျော် ရှိခဲ့သလို သမီးလေးရဲ့အဖြစ်ကို နှမြောတသဖြစ်ပြီး မိဘချင်း စာနာဖွယ်ရာ၊ နာကျင် ဝမ်းနည်းဖွယ်ရာအဖြစ် အမှတ်ရနေခဲ့ကြတာပါ။

Ref: Dailymail ” Heartbreaking moment brain dead baby girl is given a guard of honour by hospital staff as she is taken on her final journey to donate her organs to other children ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top