သုံးလအတွင်းမှာ ဘီလျံချီတဲ့အကောင့်အတုတွေကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားပစ်ခဲ့

facebook.png

ဖေ့စ်ဘွတ်ခ်က ဇန်နဝါရီလနဲ့ မတ်လအတွင်း အကောင့်အတု (၂.၂) ဘီလျံ ကို ဖယ်ရှားပစ်ခဲ့ပြီး ဒါက ကုမ္ပဏီအတွက် စံချိန်မြင့်လွန်းတယ်လို့ သိရပါတယ်။

အဲဒီအရေအတွက်က ကမ္ဘာ့တစ်ဝှမ်းက လစဉ်ပုံမှန်အသုံးပြုသူ (၂.၃၈) ဘီလျံထက် အနည်းငယ်ပဲ လျော့နည်းတာပါ။ အရင်သုံးလမှာ အကောင့်အတု (၁.၂) ဘီလျံ နဲ့ ၂၀၁၇ ခုနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာလအတွင်းမှာလည်း (၆၉၄) သန်းကို ဖယ်ရှားပစ်ခဲ့ဖူးပါတယ်။

ဖေ့စ်ဘွတ်ခ်က အင်စတာဂရမ်အပါအဝင် အကောင့်အတုအရေအတွ်တွေကို နောက်နှစ်ကစပြီး သုံးလတစ်ကြိမ် ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ ဖယ်ရှားပစ်ဖို့ အကောင့်တုတွေများလာတာက ဖေ့စ်ဘွတ်ခ် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ပြသနေတာပါပဲ။ ဖေ့စ်ဘွတ်ခ်ရဲ့အကောင့်တုထုတ်ဖော်တဲ့စနစ်က ပိုကောင်းလာတဲ့အတွက် ဒီလိုအကောင့်တုဖန်တီးသူတွေက အကောင့်တုတွေကိုသုံးပြီး ရွေးကောက်ပွဲဝင်ရောက်စွတ်ဖက်တာ၊ အမုန်းစကားတွေဖြန့်တာ၊ နိုင်ငံအနှံ့အပြားမှာအကြမ်းဖက်မှုနဲ့ဆိုင်တဲ့သတင်းအမှားတွေကို ဖြန့်တာတွေကို လုပ်ကြပါတယ်။

ဖေ့စ်ဘွတ်ခ်ဟာ ပို့စ်တွေ၊ ပုံတွေနဲ့ အခြားအေကြောင်းအရာစုစုပေါင်း (၇) သန်းကျော်ကို ဖယ်ရှားပစ်ခဲ့ပြီး ဒါတွေအားလုံးဟာ အမုန်းစကားတွေကိုပျံ့နှံ့စေတာ၊ စည်းမျဉ်းတွေကို ချိုးဖောက်ထားတယ်လို့ ဆိုခဲ့ပါတယ်။ ဒီလို စည်းမျဉ်းချိုးဖောက်တဲ့ ပို့စ်တွေ၊ ပုံတွေ၊ ကွန်မန့်တွေနဲ့ ဗီဒီယိုတွေထဲက အကြောင်းအရာတွေကိုဖော်ထုတ်ဖို့အတွက် ဖေ့စ်ဘွတ်ခ်ဟာ ဉာဏ်ရည်တု (Artificial Intelligence) စနစ်ကို ထည့်သွင်းအသုံးပြုနေတာဖြစ်ပါတယ်။

Ref: CNN “Facebook removed 2.2 billion fake accounts in three months”
WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top