ဘဝတစ်ခုလုံးကို စာသင်ကြားရေး အလုပ်မှာသာ မြုပ်နှံထားခဲ့တဲ့ အသက် ၉၁ နှစ်အရွယ် ဆရာအို

41420737_2535631503144321_2560557427682443264_n.jpg

တရုတ်နိုင်ငံအရှေ့ပိုင်း Anhui စီရင်စု Ma’anshan မြို့က အသက် ၉၁ နှစ်အရွယ် Ye Lianping ရဲ့ ကျောင်းဆရာလုပ်သက်က နှစ် ၄၀ နီးပါးရှိနေပါပြီ။ Ye ဟာ တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှာ အလုပ် လုပ်ချိန်ကစလို့ အင်္ဂလိပ်စာကို လေ့လာခဲ့ပြီး လူတွေ အင်္ဂလိပ်ဘာသာစကားကို လေ့လာရာမှာ အကူအညီဖြစ်ဖို့ စိတ်ကူးကာ သူ့ရဲ့ လုပ်ဖော်ကိုင်ဘက်တွေနဲ့ ပူးပေါင်းလို့ ညကျောင်းတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။ စာသင်တဲ့အလုပ်ကိုတော့ ၁၉၇၈ ကစပြီး သူ လုပ်ကိုင်ခဲ့တာပါ။

၁၉၈၈ ခုနှစ်အရောက်မှာ သူတည်ထောင်ခဲ့တဲ့ ကျောင်းကနေ သူ အနားယူလိုက်ပါတယ်။ ဒါပေမဲ့ စာသင်တဲ့အလုပ်အပေါ် ထားရှိတဲ့ Ye ရဲ့ စိတ်အားထက်သန်မှုကတော့ အဆုံးသတ်မသွားခဲ့ပါဘူး။ မိဘတွေ အလုပ်အတွက် အပြင်ထွက်နေရချိန် အိမ်မှာကျန်နေခဲ့ရတဲ့ ကလေးတွေအတွက် ကျောင်းတစ်ကျောင်းကို Ye က ထပ်မံဖွင်လှစ်ခဲ့ပြီး အင်္ဂလိပ်စာ အခမဲ့ သင်ကြားပေးခဲ့ပါတယ်။

ကလေးတွေရဲ့သိမှု နယ်ပယ်ကျယ်ပြန့်အောင် ရည်ရွယ်ဖွင့်လှစ်တဲ့ နွေရာသီ စခန်းသွင်းလေ့ကျင့်ရေး အစီအစဉ်တွေမှာလည်း သူရတဲ့ ပင်စင်လစာငွေတွေကို လှူဒါန်းလေ့ရှိပါတယ်။၂၀၁၃ ခုနှစ်မက စတင်ပြီး သူ့ရဲ့ ပင်စင်လစာထဲက တစ်စိတ်တစ်ပိုင်းကို အသုံးပြုကာ ဒေသ အာဏာပိုင် အဖွဲ့အစည်းနဲ့ပူပေါင်းလို့ Ye Lianping ပညာသင်ဆုကို ကျောင်းသားလေးတွေအတွက် ပေးအပ်ခဲ့ပါတယ်။ အဲဒီ ပညာသင်ဆုဟာ တရုတ်နိုင်ငံက ထိပ်တန်းတက္ကသိုလ်တွေဆီကို ဒီနှစ်ထဲမှာ တက်ရောက် ပညာသင်ကြားကြတော့မယ့် ကျောင်းသူ ကျောင်းသား ရှစ်ဦးအတွက် ပညာသင်စရိတ်အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။

အသက်အရွယ်ရလာပြီဖြစ်တဲ့ Ye ဟာ အခုထိတိုင် လုံးလုံးလျားလျား အနားမယူသေးဘဲ ကျောင်းသူကျောင်းသားတွေအတွက် ပညာရေးဆိုင်ရာ အကူအညီတွေကို သူစွမ်းနိုင်သမျှ မျှဝေ ကူညီပေးနေဆဲပဲ ဖြစ်ပါတယ်။

Ref: CGTN News “91-year-old man devotes his life to teaching”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top