တစ်ယောက်တည်း အထီးကျန်တဲ့အခါ ပြုလုပ်သင့်တဲ့ အချက် (၅) ချက်

yyl-21-042.jpg

တစ်ယောက်တည်း အထီးကျန်တာ များလာတဲ့အခါ လူတွေက စိတ်ကျဝေဒနာကို ခံစားလာရပြီး တဖြည်းဖြည်းနဲ့ ဝေဒနာက အမြစ်တွယ်လာတတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာဆို အထီးကျန်မှုကပိုပြီးတော့ ကြီးစိုးနေတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း အထီးကျန်တဲ့အခါ ဆောင်ရွက်သင့်တဲ့ အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် အပြစ်မမြင်ပါနဲ့

ကိုယ့်ကိုယ်ကို အသုံးမကျဘူး အဖြစ်မရှိဘူးလို့ အမြဲတွေးနေမယ် ဆိုရင်တော့ စိတ်ဓာတ်က အောက်ဆုံးကိုပဲ ထိုးကျနေမှာပါ။ အကြောင်းအကျိုး အကောင်းအဆိုးဆိုတာ အမြဲဒွန်တွဲပြီးလာတတ်တာ သဘာဝပဲလို့ စိတ်နှလုံးထားပြီး ကိုယ့်ကိုယ်ကို အပြစ်မြင်စိတ် မမွေးပါနဲ့။

၂။ လူသားမဟုတ်တဲ့ မိတ်ဆွေရှာပါ

အိမ်မွေးတိရ စ္ဆာန် မွေးတာမျိုး ၊ အကြိုက်ဆုံးစာအုပ် ဒါမှမဟုတ် အကြိုက်ဆုံးဇာတ်ကား စသဖြင့် စိတ်ရဲ့ အာဟာရပေးနိုင်တဲ့ အရာတွေကို ရှာဖွေပါ။ သစ်ပင်စိုက်ပါ။ ကိုယ်ဝါသနာပါရာတွေကို တီထွင်ပြုလုပ်တာကလည်း အထီးကျန်မှုကို ကုစားပေးရာ ရောက်ပါတယ်။

၃။ လူသားမိတ်ဆွေနဲ့ ဆက်သွယ်ပြောဆိုပါ

ကိုယ်စိတ်ဓာတ်ကျချိန်တိုင်း အမြဲတမ်း အားပေးတတ်တဲ့ မိတ်ဆွေ သူငယ်ချင်းကို စာပို့ ဖုန်းဆက်ပြီး ရင်ဖွင့်ပါ။ အစပိုင်းမှာတော့ အထီးကျန်ပါတယ်ဆိုမှ ဒါမျိုး မလုပ်ချင်ပါဘူးလို့ စိတ်ထဲက ငြင်းဆိုနေပေမဲ့ ဒီလိုမျိုး ရင်ဖွင့်လိုက်ရတာက တစ်ဝက်လောက် သက်သာသွားတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။

၄။ ဆန်းပြားတဲ့အရာတွေကို ရှာကြံစဉ်းစားပါ

ရောင်စုံ ခြယ်တာမျိုး ၊ ပဟေဠိဥာဏ်စမ်းဖြေတာမျိုး၊ စစ်တုရင်ကစားတာတွေက ဦးနှောက်ကို အလုပ်ပေးရပါတယ်။ ပျင်းစရာကောင်းတဲ့အချိန်မှာ ဒီလိုမျိုးတွေ စမ်းသပ်တာက အကောင်းဆုံးပါပဲ။

၅။ သီချင်းဆိုပါ

အိမ်မှာ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားရတဲ့အခါ သီချင်းဆိုပါ။ ဒါက အထိရောက်ဆုံး စိတ်ပျော်ရွှင်စေတဲ့ နည်းလမ်းပါပဲ။ ရေချိုးရင်း သီချင်းဆို ဒါမှမဟုတ် အကြိုက်ဆုံး အဆိုတော်သီချင်းကို ဖွင့်ပြီး တူတူတွဲဆိုလိုက်မယ်ဆိုရင် အထီးကျန်ခြင်းက သက်သာသွားပါလိမ့်မယ်။

တစ်ယောက်တည်း အထီးကျန်တယ်ဆိုတာက ခံစားရခက်တဲ့ ဝေဒနာတစ်မျိုးပါ။ အပေါ်မှာပြောတဲ့ အချက် ၅ ချက်ကို ကျင့်သုံးကြည့်မယ်ဆိုရင်တော့ အထီးကျန်ခြင်းကင်းဝေးဖို့ အထောက်အကူပေးနိုင်ပါလိမ့်မယ်။

Ref: psychology today” 5 things to do when you are feeling lonely”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top