မွမ်ဘိုင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပမာဏက ဝူဟန်မြို့ရဲ့ ကူးစက်မှုအမြင့်ဆုံးကာလထက် ပိုများ

10-6-2020-yyl-043.jpg

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ မွမ်ဘိုင်းမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၁,၀၀၀ ရှိလာခဲ့ပြီး အဲဒီပမာဏဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ ကူးစက်မှု အမြင့်ဆုံးကာလထက် ပိုများနေပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ တဟုန်ထိုးမြင့်တက်လာပြီး ကူးစက်ခံရသူ ၂၆၆,၅၉၈ ယောက် ရှိနေချိန်မှာ အခုလို သတင်း ထွက်ပေါ်လာခဲ့တာပါ။ မွမ်ဘိုင်းမြို့ တည်ရှိတဲ့ မဟာရက်ရှ်ထရာပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၉၀,၀၀၀ ရှိနေပါတယ်။

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်နေပြီး ဇူလိုင်လအကုန်မှာ ကူးစက်ခံရသူ သန်းတစ်ဝက်ကျော် ရှိလာမယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တားဆီးဖို့ ရည်ရွယ်ပြီး ၃ လကြာ ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ချိန်နဲ့ ကူးစက်ခံရသူ မြင့်တက်လာတာက တိုက်ဆိုင်နေပါတယ်။ ဇွန်လ ၈ ရက်မှာ ဈေးဝယ်စင်တာတွေ၊ ဝတ်ပြုဆုတောင်းရာနေရာတွေနဲ့ ရုံးခန်းတွေကို ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ အဲဒီမတိုင်ခင်ကလည်း ဈေးဆိုင်တွေ၊ ဈေးတွေ၊ ပို့ဆောင်ရေးစနစ်တွေကို တစ်ကျော့ပြန် လည်ပတ်ခွင့်ပေးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ စီးပွားရေးလုပ်ငန်းတွေ ပိတ်ထားလို့ အလုပ်လက်မဲ့ဖြစ်သူနဲ့ စားဝတ်နေရေး အခက်အခဲရှိနေသူ သန်းပေါင်းများစွာရှိနေလို့ ပိတ်ဆို့မှုစည်းမျဉ်းတွေကို ဖြေလျှော့ပေးရုံကလွဲပြီး တခြားရွေးချယ်စရာမရှိဘူးလို့ အိန္ဒိယအာဏာပိုင်တွေက ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top