အမေရိကန်နိုင်ငံမှာ ဆူပူအုံကြွမှု တွေဖြစ်နေတာကို အယ်လ်ကေးဒါး အဖွဲ့ အခွင့်ကောင်းယူ

10-6-2020-yyl-044.jpg

အယ်လ်ကေးဒါးအဖွဲ့က အမေရိကန်နိုင်ငံမှာ ဆူပူအုံကြွမှုတွေ ဖြစ်ပွားနေတာကို အခွင့်ကောင်းယူပြီး သူတို့ကိုယ်သူတို့ အမှန်တကယ် ဖိနှိပ်ခံရသူတွေအဖြစ် ပုံဖော်ဖို့ မွတ်စလင်တွေကိုရော၊ မွတ်စလင်မဟုတ်သူတွေကိုပါ ဆက်သွယ်နေပါတယ်။ အယ်လ်ကေးဒါးအဖွဲ့က အခုနောက်ဆုံး ထုတ်ဝေတဲ့ One Ummah အွန်လိုင်းမဂ္ဂဇင်းမှာ ဂျော့ဖလွိုက်ရဲ့ နောက်ဆုံးအခိုက်အတန့်ဓာတ်ပုံနဲ့ ဂရက်ဖစ်တီ အနုပညာရှင် ဘန့်စီရဲ့ ဂရက်ဖစ်တီပုံကို အသုံးပြုပြီး အမေရိကန်နိုင်ငံမှာ လမ်းပေါ်ထွက်ဆန္ဒပြနေသူတွေကို အခိုင်အမာအားပေးထောက်ခံကြောင်း ပြသခဲ့ပါတယ်။ အမေရိကန်ပြည်တွင်းမှာ နေထိုင်သူတွေကို ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေထားတဲ့ အဲဒီမဂ္ဂဇင်းထဲမှာ အမေရိကန်နိုင်ငံနဲ့ သူတို့ရဲ့ နိုင်ငံရေးစနစ်၊ စီးပွားရေးနဲ့ လူမှုအသိုက်အဝန်းတစ်ခုလုံး မကြာခင် နိဂုံးချုပ်ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

” မကြာခင်ကာလအတွင်း အမေရိကန်နိုင်ငံတစ်ဝန်းမှာ လက်နက်ကိုင် ဆန္ဒပြမှုတွေနဲ့ ပြည်တွင်းစစ်ဖြစ်လာတော့မယ်ပုံပါ။ ဒီမိုကရက်တွေကလည်း ခင်ဗျားတို့ကို ကူညီပေးနိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ ကူညီပေးနိုင်ပါတယ်”လို့ ရေးသားထားပါတယ်။ ဒါပေမဲ့ အယ်လ်ကေးဒါးအဖွဲ့နဲ့ သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ IS အဖွဲ့က အမေရိကန်နိုင်ငံရဲ့ လက်ရှိအခြေအနေအပေါ် ချဉ်းကပ်မှုပုံစံတွေကတော့ ကွဲလွဲနေပါတယ်။ အမေရိကန်နိုင်ငံမှာဖြစ်ပွားနေတဲ့ မငြိမ်သက်မှုတွေက တခြားနိုင်ငံတွေအထိ ကူးစက်ပျံ့နှံ့သွားမယ်လို့ IS အဖွဲ့က ယူဆနေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top