ထိုင်းနိုင်ငံမှာ ညဘက် အပြင်မထွက်ရ အမိန့်ကို ရုပ်သိမ်းပြီး ဆိုင်တချို့ ပြန်ဖွင့်ဖို့ စီစဉ်နေ

10-6-2020-yyl-039.jpg

ထိုင်းနိုင်ငံမှာ ပြည်တွင်းရောဂါ ကူးစက်ခံရသူမရှိတာ (၁၆) ရက်ကြာပြီးတဲ့နောက် ညဘက် အပြင်မထွက်ရအမိန့်ကို ရုပ်သိမ်းပြီး စည်းမျဉ်းစည်းကမ်းတွေနဲ့ တချို့စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီရုံးက ညဘက် အပြင်မထွက်ရအမိန့်ကို (၁၅) ရက်ကြာ ရုပ်သိမ်းဖို့နဲ့ တချို့စီးပွားရေး လုပ်ငန်းတွေကို ဇွန်လ ၁၅ ရက်နေ့မှာ ပြန်ဖွင့်ခွင့်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံက အရေးပေါ် အခြေအနေဖြစ်နေတဲ့ ပြည်နယ်တွေရှိနေသေးတဲ့အတွက် ညမထွက်ရအမိန့်ကို အချိန်မရွေး ကြေညာ နိုင်ပါသေးတယ်။

ရောဂါကူးစက်နိုင်ချေ များတဲ့စီးပွားရေးလုပ်ငန်း တချို့ကို တင်းကြပ်တဲ့ ကျန်းမာရေး စည်းမျဉ်းနဲ့အညီ ပြန်ဖွင့်ခွင့်ပေးမှာ ဖြစ်တယ်လို့ COVID-19 Crisis Center ရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ပြန်ဖွင့်ခွင့်ပေးမယ့် နေရာတွေမှာ စာသင်ကျောင်း၊ တက္ကသိုလ်၊ ပညာသင်ကြားရေးစင်တာတွေလည်း ပါဝင်ပါတယ်။ ဘားနဲ့ အရက်ဆိုင် တွေကိုတော့ ပြန်ဖွင့်ခွင့်ပြုဦးမှာ မဟုတ်ပေမယ့် စားသောက်ဆိုင်တွေကို စီးပွားရေး ပြန်လည်ပတ်ခွင့်ပေးပြီး အရက်ရောင်းခွင့် ပြုထားမယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲခန်းမ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးစင်တာ၊ ကလေး စောင့်ရှောက်ရေးစင်တာ၊ အားကစားခန်းမ၊ အပန်းဖြေပန်းခြံ၊ ပြခန်း၊ Eventပွဲတွေ၊ အများပြည်သူသုံး ဝန်ဆောင်မှု တွေကိုလည်း ပြန်ဖွင့်ခွင့်ပြုမှာဖြစ်ပါတယ်။ Spa တွေကိုလည်း ပြန်ဖွင့်ခွင့်ပေးမှာဖြစ်ပေမယ့် အနှိပ်ခန်းတွေကိုတော့ ခတ္တပိတ်ထားဦးမှာဖြစ်ပါတယ်။ ပြန်ဖွင့်ခွင့်ပေးထားတဲ့ စီးပွားရေး လုပ်ငန်းတွေအားလုံးက လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပြီး ရောဂါကူးစက်မှုတွေ မဖြစ်အောင် ရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဇွန်လ ၁၄ ရက်နေ့မှာ ကျင်းမယ့် အစိုးရအစည်းအဝေးမှာ အတည်ပြုချက်ရဖို့အတွက် အဆိုပြု ရဦးမှာဖြစ်ပါတယ်။

Ref: Thailand To Cancel Curfew And Reopen Businesses On 15th June, Bars And Massage Parlours Still On Hold

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top